အမ်းမြို့နယ် တပ်သိမ်းမြေဧက ၃ဝဝ ကျော်အား မူလတောင်သူများထံသို့ ပြန်လည် စွန့်လွှတ် ပေးအပ်ပွဲအခမ်းအနားသို့ ဒုသမ္မတ(၂) တက်ရောက်

အမ်းမြို့နယ် တပ်သိမ်းမြေဧက ၃ဝဝ ကျော်အား မူလတောင်သူများထံသို့ ပြန်လည် စွန့်လွှတ် ပေးအပ်ပွဲအခမ်းအနားသို့ ဒုသမ္မတ(၂) တက်ရောက်
by -
မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ တပ်သိမ်းမြေများအနက် ဧက ၃ဝဝ ကျော်အား မူလတောင်သူများထံသို့ ယမန်နေ့ အောက်တိုဘာ ၁၁ ရက်နေ့တွင် မူလပိုင်ရှင် တောင်သူများသို့ ပြန်လည်စွန့်လွှတ်ပေးအပ်ခဲ့သည်။
 

၎င်းစွန့်လွှတ်ပွဲအား အောက်တိုဘာ ၁၁ နံနက်က အမ်းမြို့ရှိ ရွှေအမ်းတောင် ခန်းမတွင် အခမ်းအနားဖြင့် ကျင်းပပြုလုပ်ရာ အမျိုးသားမြေ အသုံးချမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ(၂) ဟန်နရီဗန်ထီးယူ ကိုယ်တိုင် တက်ရောက်ခဲ့သည်။

"တောင်သူလယ်သမားတွေအတွက် လယ်ယာမြေဟာ အသက်သွေးကြောဖြစ်ပါတယ်။ ဒီလို လယ်သမားတွေအတွက် အသက်တမျှ တန်ဖိုးရှိတဲ့ လယ်ယာမြေတွေကို တောင်သူများလက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ဖို့ဆောင်ရွက်တဲ့လုပ်ငန်းစဉ်ဟာဆိုရင် ကျနော်တို့ စိုက်ပျိုးရေးကိုအခြေခံတဲ့ မြန်မာနိုင်ငံအတွက် အင်မတန်မှ အရေးကြီးပါတယ်"ဟု ဒုတိယသမ္မတ ဟန်နရီဗန်ထီးယူက ပြောဆိုခဲ့သည်။

အမ်းမြို့နယ် ကျောင်းမြောင်းကျေးရွာအုပ်စုရှိ တောင်သူ ၄၁ ဦးပိုင်ဆိုင်သည့် ၃ဝဝ ဒသမ ၁၈ ဧကကျယ်ဝန်းသော ရေငန်တား တမံကို ကာကွယ်ရေးဝန်ကြီးဌာန အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၃၇၃)ခြေမြန်တပ်ရင်းက ၁၉၉၉ ခုနှစ်တွင် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ သိမ်းဆည်းထားသည့် လယ်ယာမြေများအားလုံးကို အဆိုပါတောင်သူများထံသို့ ပြန်လည်ပေးအပ်လိုက်ခြင်းလည်းဖြစ်သည်။

"အခုလို ကိုယ့်လယ်ကိုယ် လုပ်ကိုင်ခွင့်ရလာတော့ အတိုင်းမသိဝမ်းသာတာပေါ့"ဟု စွန့်လွှတ်မြေ ပြန်လည်ရရှိသူများတွင်ပါဝင်သည့် အမ်းမြို့နယ် ကျောက်မြောင်းကျေးရွာအုပ်စုမှ တောင်သူ ဦးကြည်မောင်က ပြောသည်။

အဆိုပါတောင်သူများအတွက် တရားဝင် လုပ်ကိုင်ခွင့်ရအောင် ပုံစံ(၇)ရရှိရေးကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဟုလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက အခမ်းအနားတွင် ပြောဆိုခဲ့သည်။

လယ်ယာမြေများကိုသာအဓိကအားထားကာ လုပ်ကိုင်စားသောက်နေကြရသည့်တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အဆိုပါတပ်သိမ်းမြေများအား ပြန်လည် စွန့်လွှတ် ပေးခြင်းဖြစ်သည်။

September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...
ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...