မြောက်ဦးမြို့နယ်တွင် ကျပ်တစ်သောင်းတန်အတု ၃၇၉ ရွက်သိမ်းဆည်းရမိပြီးနောက် လူ ၅ဦး စစ်ဆေးခံနေရ

မြောက်ဦးမြို့နယ်တွင် ကျပ်တစ်သောင်းတန်အတု ၃၇၉ ရွက်သိမ်းဆည်းရမိပြီးနောက် လူ ၅ဦး စစ်ဆေးခံနေရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် ကျပ်တစ်သောင်းတန်အတု ၃၇၉ ရွက်ကို သိမ်းဆည်းရမိပြီးနောက် လူ ၅ ဦးကို ရဲက ခေါ်ယူစစ်ဆေးနေကြောင်း သတင်းရရှိသည်။

၎င်းလူ ၅ ဦးမှာ မြောက်ဦးမြို့နယ် ဗူးရွက်မညိုးကျေးရွာမှ ၂ ဦး၊ ကြိမ်ချောင်းမှ တစ်ဦးနှင့် ရသေ့တောင်မြို့နယ်မှ ၂ ဦးဖြစ်ကြောင်း ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သိန်းက နိရဥ္စရာ သတင်းဌာနသို့  အောက်တိုဘာ ၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

“ စုစုပေါင်း ၅ ဦးကို ရဲကခေါ်ယူစစ်ဆေးနေပါတယ်။ ငွေက ၃၇ သိန်း ၉ သောင်းဖမ်းမိပါတယ်။ တစ်သောင်းတန်တွေပါ။ လူက ၅ ယောက်ပါ။ မြို့နယ်ခြားပါတယ်။ ဗူးရွက်မညိုး၊ ကြိမ်ချောင်း၊ ရသေ့တောင်မြို့နယ်က ပြင်ဝန်းက ၂ ဦးပါ” ဟု သူက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့မ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ စခန်းမှူးက ငွေအတုနှင့် ပတ်သက်ပြီး စစ်ဆေးနေတုန်းဖြစ်ကြောင်း ပြောကြားသည်။

“ ဖမ်းဆီးတဲ့အဆင့်ကို မရောက်သေးပါဘူး။ စစ်ဆေးမေးမြန်းနေတုန်းဘဲ ဖြစ်ပါတယ်။ (အောက်တိုဘာ 9 ရက်နေ့)မှ အတိအကျ ထုတ်ပြန်နိုင်မှာ ဖြစ်ပါတယ်။ ငွေတွေက ကျွန်တော်တို့ သွားဖမ်းတာ မဟုတ်ပါဘူး။ လာအပ်တာ ဖြစ်ပါတယ်။ ငွေအတုတွေ့လို့ဆိုပြီး လာအပ်တာ ဖြစ်ပါတယ်” ဟု မြောက်ဦးမြို့မ စခန်းမှူးက ပြောကြားသည်။

ရသေ့တောင်မြို့နယ် ပြင်ဝန်းမှ လူနှစ်ဦးမှာ အဆိုပါ ကြိမ်ချောင်းရွာသို့ ကျွဲနွားဝယ်ရန် ရောက်ရှိနေသူများ ဖြစ်ကြောင်း သိရသည်။

May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...