တပ်မတော် အသေရေဖျက်မှုဖြင့် တရားစွဲခံရသော ဒေါ်နန်ပူ၏ သက်သေများကို စစ်ဆေး

တပ်မတော် အသေရေဖျက်မှုဖြင့် တရားစွဲခံရသော ဒေါ်နန်ပူ၏ သက်သေများကို စစ်ဆေး

အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တပ်မတော်၏ တရားစွဲဆိုထားခြင်းခံရသော ဆန္ဒပြ ကချင်လူငယ် ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဒေါ်နန်ပူ၏ ကျန်ရှိနေသေးသော သက်သေများကို ယမန်နေ့ (အောက်တိုဘာလ ၁ ရက်နေ့) မနက် မြစ်ကြီးနား မြို့နယ်တရားရုံးတွင် ဆက်လက် စစ်ဆေးခဲ့သည်။

တရားစွဲဆိုထားခံရသော ဒေါ်နန်ပူမှာ Lai Nawng Hku (လိုင်နှောင်းခူး)တွင် ပိတ်ဆို့ထားသော စစ်ရှောင်ပြည်သူများကို တပ်မတော်က သတ်ဖြတ်၊ နှိပ်စက်၊ ခြိမ်းခြောက်မှု ပြုလုပ်သည် ဟူသော ပြောဆိုမှုအပေါ် မှန်ကန်မှုရှိ မရှိ သက်သေတစ်ဦးသည့် ဦး Hka Li ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ဒုတိယ ဗိုလ်မှူးကြီးမျိုးမင်းဦး တရားလိုပြုကာ ကချင်ဆန္ဒပြ (၃)ဦး ကို စွပ်စွဲထားသော အမှုသည် မှန်ကန်မှုမရှိသလို တရားမျှတမှုလည်း မရှိသောကြောင့် မြိို့နယ်တရားရုံးမှ စွဲချက်မိန့်ကို ပယ်ဖျက်ပေးရန် ခရိုင်ရုံးမှ တဆင့် ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်လွှာကို စက်တင်ဘာ ၁၇ ရက်နေ့ တင်းထားခြင်း ဖြစ်သည်။

ကချင်ဆန္ဒပြ ၃ဦး၏ စွဲချက်မိန့်ကို ပယ်ဖျက်ပေးရန် ပြည်နယ် တရားလွှတ်တော်သို့ ပြင်ဆင်လွှာ တင်ပြထားသည့်အပေါ် ပြည်နယ် တရားလွှတ်တော်မှ လက်ခံသင့် မခံသင့်ကို အောက်တိုဘာ ၁၅ ရက်ရက်နေ့တွင် လျှောက်လွှဲချက် ပေးမည်ဟု သိရပါသည်။

ပြည်နယ်လွှတ်တော်မှ လျှောက်လွှဲချက်မရသရွေ့ ထိုအမှုကို မြို့နယ်တရားရုံးတွင် ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...