တပ်မ ၆၆ စစ်သားများ မုံးကိုးဒေသ ရွာသားများထံမှ ရိက္ခာ လုယူနေ

တပ်မ ၆၆ စစ်သားများ မုံးကိုးဒေသ ရွာသားများထံမှ ရိက္ခာ လုယူနေ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်အတွင်း ရောက်ရှိနေသော မြန်မာစစ်တပ် တပ်မ ၆၆ စစ်သားများသည် ၎င်းတို့ ရိက္ခာအတွက် ဒေသခံရွာသားများထံမှ အခကြေးငွေ မပေးဘဲ လုယူနေခြင်းမှာ ယခု တစ်ပတ်ကျော် ရှိလာပြီဖြစ်ကြောင်း ရွာသားများပြောဆိုနေကြပါသည်။

မုံးကိုး နှင့် သံလွင်မြစ်ကြား ဖင်ကျီကြိုင်၊ တာဒွေ စသည့် ကျေးရွာများသို့ စက်တင်ဘာလ ၂၂ ရက်နေ့ အင်အား ၁၀၀ ခန့်ရှိ တပ်မ ၆၆ စစ်ကြောင်း စခန်းချကာ ၎င်းတို့ ရိက္ခာအတွက် ရွာသားများမှ ဆန်၊ ဆား၊ ဆီမှ အစ အိမ်မွေး ကြက်များကိုပါ လုယူ စားသောက်နေသည်ဟု ရွာသားတစ်ဦး ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“ဖင်ကျီကြိုင် ဆိုတဲ့ရွာ တာဒွေ ဆိုတဲ့ရွာတွေဆီက သူတို့ (တပ်မ ၆၆) ရှိသမျှ အကုန် တအိမ်လုံးလုံး ဝင်ထွက် လုယူ စားနေတာ…ဆား၊ ငရုပ်ကအစ စျေးက မဝယ်ဘဲ အဲဒီနေရာမှာ လှည့်လည်ပြီးတော့ ရှိတဲ့ ဆန် အနည်းအကျင်းက အစ အကုန် လုယူစားနေတာ အဲဒီ့ရွာတွေမှာဖြစ်တယ်။”

ယခုလို မြန်မာအစိုးရ၏ ရွာအတွင်း လှည့်လည် လုယူမှုလုပ်ရပ်ကြောင့် ရွာသားများအတွက် စားဝတ်နေရေး ပူပန်နေရသည်ဟု ကချင်သတင်းဌာန KNG မေးမြန်းသိရသည်။

June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...