ကချင်ပြည်နယ် စီးပွားရေး ဦးမော့လာအောင် ဘယ်လို လုပ်မလဲ

ကချင်ပြည်နယ် စီးပွားရေး ဦးမော့လာအောင် ဘယ်လို လုပ်မလဲ

"ကချင်ပြည်နယ် စီးပွားရေး ဦးမော့လာအောင် ဘယ်လိုလုပ်ကြမလဲ။" ခေါင်းစဉ်ဖြင့် ကချင်ပြည်နယ် အတွင်းရှိ လုပ်ငန်းအတွေ့အကြုံရှိသော စီးပွားရေးလုပ်ငန်းရှင်များ၏ စကားဝိုင်း ဆွေးနွေးပွဲကို စက်တင်ဘာ (၂၉) နေ့တွင် မြစ်ကြီးနားမြို့ မြစ်ဆုံဟိုတယ်မှာ ပြုလုပ်ခဲ့ပါသည်။

လက်ရှိ ကချင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင် အဖြစ်ရပ်တည်နေကြသော ဦးမိုနိုင် (မြတ်မွန်လုပ်ငန်းစု)၊ စိုင်းယီကျန်း (OK ငွေပန်းတိမ် နှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ)၊ ဦးဘရန်မွန်း (Lucky မုန့်တိုက်)၊ ဦးရန်နိုင်ဦး (The Door Institute) တို့ က ကိုယ်ပိုင်အတွေ့အကြုံနှင့် အတွေးအခေါ်များကို မျှဝေေ ဆွးနွေးပေး ခဲ့သည်။

ပြည်နယ်အတွင်း နိုင်ငံရေး တည်ငြိမ်မှု မရှိခြင်းကြောင့် စီးပွားရေးကြပ်တည်း နေသည့် အပေါ် စီးပွားရေးလုပ်ငန်း စတင် လုပ်ကိုင်မည့် သူများနှင့် လုပ်ကိုင်နေသောသူများအတွက် အထောက်အကူပြုစေရန်ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်သည်ဟု အစီစဉ် ဦးဆောင်ပြုလုပ်သော The Door Institute မှ တာဝန်ရှိသူ ဦးရန်နို်င်ဦးက ပြောဆိုသည်။

အဆိုပါ စီးပွားရေးအမြင် ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် ကောင်းမွန်သည့် စီးပွားရေးနည်းဥပဒေ မူဝါဒများ ပေါ်ထွက်လာနိုင်ပြီး လက်တွေ့ ပြည်နယ်အတွင်းစီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့လာမည်ဟု ယုံကြည်ကြောင်း ဆက်ပြောသည်။

ယခုအကြိမ် စီးပွားရေးအမြင်ဆွေးနွေးပွဲသည် ပထမအကြိမ်ဖြစ်ပြီး တက်ရောက်သူများမှာ ၅ဝကျော်ခန့်တွေ့ရသည်။

May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...