ရှမ်းမြောက် Nam Um ကျေးရွာအနီး တိုက်ပွဲဖြစ်

ရှမ်းမြောက် Nam Um ကျေးရွာအနီး တိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ အနီး မုန့်ပေါ် ချောင်းတံတား တွင် မြန်မာ့ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု တို့ ယနေ့ စက်တင်ဘာလ၂၉ရက်နေ့ မနက်ပိုင်း အချိန်တို တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

“[စက်တင်ဘာလ၂၉ရက်နေ့ မနက်ပိုင်] မိုးလင်းလာတာနဲဲဲ့ သေနပ်သံတွေ ကြားနေရပြီ။ သေနပ်သံ က ခဏ တစ်ဖြုတ်ပဲ မည်တာပါ။ ဒီကနေ့က ရွာသားတွေကလည်း ဘယ်မှမသွားရဲကြတော့ဘူး။ ရွာထဲ မှာလဲ စစ်သားတွေ အပြည့်ဘဲ” ဟု Nam Um (နမ့်အွမ်) ရွာသားတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ထို့အပြင် မူဆယ်-လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ် နမ့်အွမ်ကျေးရွာတွင်လည်း တအောင်းလွတ်မြောက်ရေး တပ်မတော် TNLA မှ အခွန်ကြေးများ ကောက်ခံ နေသဖြင့် လမ်းပိတ်ဆို့မှု ဖြစ်နေသည်ဟု ဒေသခံများမှ သိရပါသည်။

May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...