ရခိုင်အမတ် ၄ ဦးကရခိုင်ဥပပေဒေချုပ်ကိုတွေ့ဆုံပြီး မြောက်ဦးလူငယ်၈ ဦးကိုထပ်မံဖမ်းဆီးတရားစွဲခြင်းအပေါ် မေးခွန်းထုတ်

ရခိုင်အမတ် ၄ ဦးကရခိုင်ဥပပေဒေချုပ်ကိုတွေ့ဆုံပြီး မြောက်ဦးလူငယ်၈ ဦးကိုထပ်မံဖမ်းဆီးတရားစွဲခြင်းအပေါ် မေးခွန်းထုတ်

ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးသည် ယနေ့ နေ့လယ်က ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းနှင့် တွေ့ဆုံပြီး မြောက်ဦးမြို့မှ လူငယ် ၈ ဦးကို ထပ်မံဖမ်းဆီးပြီး တရားစွဲဆိုခြင်းမှာ ဥပဒေနှင့် ကိုက်ညီမှု ရှိ/ မရှိကို မေးမြန်းခဲ့သည်ဟု သတင်းရရှိသည်။

“ ဥပဒေချုပ်နဲ့ တွေ့ပြီး ကျွန်တော်တို့တောင်းဆိုတာက.. တရက်တည်း တချိန်တည်းမှာ ဖြစ်စဉ်တစ်ခုတည်း ဖြစ်တာ ဖြစ်တယ်။ အဲဒီ ဖြစ်စဉ်အရ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကိုလည်း သူတို့က ကျခံပြီးဖြစ်ပါတယ်။ အခု လွတ်ပြီးမှ တစ်ခါ နောက်တစ်ကြိမ် ဖမ်းတယ်။ ထပ်ပြီး အမှုဖွင့်တယ် ဆိုတာကတော့ ရခိုင်ပြည်နယ ်အစိုးရ အပေါ်မှာလည်း သိက္ခာကျစေပါတယ်။ ပြည်သူလူထုကိုလည်း ခံစားချက် ပြင်းထန်စေပါတယ်။ ဒါကို ပြန်လည် စဉ်းစားပေးဖို့ ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်” ဟု ဥပဒေချုပ်နှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သူ မြောက်ဦးပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောသည်။

ထိုသို့ တောင်းဆိုသည့် အပေါ် ပြည်နယ် ဥပဒေချုပ်က ယခုလို တုန့်ပြန်ပြောကြားခဲ့သည်ဟု သိရသည်။

“ အခုလောလောဆယ်မှာ ရခိုင်ဝန်ကြီးချုပ်က ပြည်ပခရီးစဉ်ကို ရောက်နေတယ်။ ဝန်ကြီးချုပ်ပြန်ရောက်တဲ့ အခါ ဒီဖြစ်စဉ် တစ်ခုလုံးကို ကပ်ဘိနပ်မှာ တင်ပြပေးမယ်လို့ ဥပဒေချုပ်က ပြောပါတယ်” ဟု ဦးထွန်းသာစိန်က ပြောကြားသည်။

ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံးသို့ သွားရောက်တွေ့ဆုံရာတွင် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ဦးထွန်းသာစိန်၊ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း၊ ဘူးသီးတောင် မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းနှင့် မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင် တို့ ပါဝင်သည်။

ရခိုင်ပြည်နယ် မြောက်ဦးတွင် ဇန်နဝါရီ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် လူ ၇ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၈ ဦးကို ရဲက ဖမ်းဆီးပြီး ပြည်သူပိုင်ပစ္စည်းအက်ဥပဒေ ၆(၁) ဖြင့် တရားစွဲဆိုခဲ့သည်။ ရှစ်လတိတိ အမှုကို စစ်ဆေးခဲ့ပြီး စစ်တွေမြို့နယ် တရားရုံးက စက်တင်ဘာ ၂၄ ရက်နေ့က ထောင် (၈) လချမှတ်ခဲ့သည်။ သူတို့မှာ ချုပ်ရက်စေ့သဖြင့် အမိန့်ချမှတ်သည့်ရက်တွင် လွတ်ရမည် ဖြစ်သော်လည်း မလွတ်မြောက်သည့် အပြင် ရဲတပ်ဖွဲ့မှ သူတို့ကို နိုင်ငံတော်အလံဥပဒေ ပုဒ်မ (၁၆) ဖြင့် ထမ်မံ တရားစွဲဆို ဖမ်းဆီးထားသည်။

ထောင်ထဲတွင် ရှစ်လ ကျခံပြီး လွတ်မြောက်လာပြီးမှ ထပ်ဖမ်းခံရသူများမှာ ကျော်ဝင်းနိုင်၊ ကျော်မင်းစိုး၊ ဦးသန်းဇော်၊ အောင်ကျော်မြင့်၊ ရွှေမောင်၊ အောင်ဌေး၊ ထွန်းကျော်စိန်နှင့် ကျော်ကျော်နိုင်တို့ဖြစ်ကြသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...