ကချင်ပါတီ၊ အဖွဲ့စည်းများ ဗဟိုချုပ်ကိုင်မှု စနစ် လျှော့ရေး ဆွေးနွေး

ကချင်ပါတီ၊ အဖွဲ့စည်းများ ဗဟိုချုပ်ကိုင်မှု စနစ် လျှော့ရေး ဆွေးနွေး

အစိုးရ၏ ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချနိုင်ရန်အတွက် USAID အဖွဲ့မှ ဦိးဆောင်ပြီး ကချင်ပါတီအဖွဲ့များနှင့် အခြားအဖွဲ့အစည်းများက ဆွေးနွေးပွဲကို ယမန်နေ့ (စက်တင်ဘာ ၂၆ ရက်နေ့) မြစ်ကြီးနား Palm Spring Hotel တွင်ပြုလုပ်ခဲ့ပါသည်။

ထိုဆွေးနွေးပွဲကို ‘မြန်မာနိုင်ငံတွင်ဖက်ဒရယ်စနစ်ကျင့်သုံးရေး၊ နိုင်ငံရေးအုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးရှု့ ထောင့်များ’ ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး ဗဟိုအစိုးရမှ ပြည်သူလူထုများကိုသာ ချုပ်ကိုင်နေပြီး ပြည်နယ်အတွင်း အာဏာ သက်ရောက်မှု မရှိကြောင်းကို အဓိကထားပြီး ဆွေးနွေးခဲ့သည်ဟုသိရသည်။

ပြည်နယ်အတွင်း အာဏာသက်ရောက်မှုများ မရှိသောကြောင့် ပြည်သူများ၏ ပြဿနာများ ဖြစ်သော လယ်ယာမြေ ခွဲဝေရေး ကိစ္စများ၊ သဘာဝသယံဇာတ ဥပဒေများ၊ ရေအရင်းအမြစ်များ စသော ပြဿနာများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်းကို ကချင်အမျိုးသမီးရေးရာ တာဝန်ရှိသူ ဒေါ် Ja Lai ထံမှသိရသည်။

ဆွေးနွေးမှုတက်ရောက်သူများ ၄၀ ကျော်ခန့်ရှိပြီး အဆိုပါဆွေးနွေးမှုကို စက်တင်ဘာ ၂ရရက်အထိ ဆက်လက် ဆွေးနွး သွားမည်ဟု သိရသည်။

Most read this week

စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...