မသန်းစွမ်းသူများ ရပိုင်ခွင့် ဥပဒေမူကြမ်း ထွက်လာရေး မြစ်ကြီးနားတွင် ဆွေးနွေး

မသန်းစွမ်းသူများ ရပိုင်ခွင့် ဥပဒေမူကြမ်း ထွက်လာရေး မြစ်ကြီးနားတွင် ဆွေးနွေး

ကချင်ပြည်နယ် မသန်စွမ်းသူများ၏ ရပိုင်ခွင့်ဆိုင်ရာ ဥပဒေ မူကြမ်း ရေးဆွဲနိုင်ရန် မြန်မာနိုင်ငံ မသန်းစွမ်းသူများအသင်းချုပ် နှင့် ကချင်ပြည်နယ် မသန်စွမ်းများအသင်းအဖွဲ့မှ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်နေ့) မြစ်ကြီးနားမြို့ မျက်မမြင်ကျောင်းတွင် ပြုလုပ်ခဲ့သည်။

မူကြမ်း ရေးဆွဲလာရခြင်း မှာ မသန်စွမ်းသူများအနေဖြင့် မိမိအခွင့်အရေးကိုနားမလည်ခြင်း၊ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝမရရှိခြင်း၊ သွားလာရေး အခက်အခဲများကြုံတွေ့နေရခြင်း၊ တန်းတူအခွင့်အရေးနှင့် ပညာသင်ယူခွင့်များ ဆုံးရှုံးနေခြင်း စသောအခက်အခဲများကို ကြုံတွေ့နေရသောကြောင့် ရေးဆွဲ ဖြစ်ခြင်း ဖြစ်သည်ဟု ပြောပါသည်။

အစိုးရမှ တရားဝင်အတည်ပြုထားသော မသန်စွမ်းသူများ၏ နည်းဥပဒေသည် ကောင်းမွန်စွာ ရေးဆွဲထားသော်လည်း လက်တွေ့ ကောင်းမွန်နိုင်ရန် အလွန်ခက်ခဲနေကြောင်း ထပ်မံ ဖြည့်စွက်လိုသော ရည်ရွယ်ချက်ဖြင့် ကြိုးစားနေခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်း ဥက္ကဌ ဦး အောင်ကိုမြင့်က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

အဆိုပါ မသန်စွမ်းသူများ၏ ဖွဲ့စည်းပုံ မူကြမ်းကို အတည်ပြုအောင်လုပ်ဆောင်နိုင်မှသာ လူသားအချင်းချင်း ခွဲခြားဆက်ဆံမှုများ လျှော့ပါးလာပြီး မသန်းစွမ်းသူများကို ဂရုစိုက်မှု၊ ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်လာမည်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

ပထမအကြိမ်ဆွေးနွေးပွဲကို ၂၀၁၈ ဧပြီလ ၁ဝရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...