ကွတ်ခိုင်ရှိ ဂိမ်းဆိုင်များကို ဒေသခံ အမျိုးသမီးများ တားဆီး

ကွတ်ခိုင်ရှိ ဂိမ်းဆိုင်များကို ဒေသခံ အမျိုးသမီးများ တားဆီး

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ ရပ်ကွက်များတွင် ဂိမ်းဆုုိင်များ၊ လောင်းကစားရုုံများကြောင့် လူငယ်များ အကျင့်စာရိတ္တ ပျက်ပြားလာသည့်အတွက် ဒေသခံအမျိုးသမီးများက ၎င်းဆိုင်များကို ပိတ်သိမ်းပေးပါရန် သွားရောက်တားမြစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့ရှိ ရပ်ကွက် (၈) အိမ်ထောင်ရှင်အမျိုးသမီးများမှ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပြီး ယခုလ (၁၆) ရက်နေ့တွင် လောင်းကစားဆိုင် (၆) ဆိုင်ကို သွားရောက်တားဆီး ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“၁၂ ရက်နေ့ကတည်းက ဂိမ်းဆိုင်တွေကို လိုက်ပြီးမှ ကျမတို့ရပ်ကွက်ထဲမှာ မဖွင့်ဖို့ပေါ့နော်။ အခုက ရပ်ကွက်ထဲ မှာဆိုရင် ကျောင်းသားတွေရော အိမ်ထောင်ဦးစီးတွေရော အကုန်လုံးပျက်ဆီး၊ ခိုးတဲ့လူတွေကခိုးး၊ အိမ်ဖောက် တဲ့ လူလည်းဖောက် အဲ့လိုမျိုး၊ ဖိုးသမား၊ ဘိန်းသမားလည်း ပေါလာ။ သူ့အိမ်အဖောက်ခံလိုက်ရတယ်၊ ငါ့အိမ်က ပါ သွားတယ် အဲ့လိုမျိုးတွေ။ အဲ့ဒါကြောင့် သွားပြီး ပိတ်ခိုင်းတာ” ဟု ကွတ်ခိုင်မြို့မှ ဒေသခံ မနန်းက ပြောသည်။

လောင်းကစားရုံများကို အမျိုးသမီးများက တားဆီးရာတွင် ဆန့်ကျင်မှုများလည်း ကြုံတွေ့ခဲ့ရသည်ဟု အမျိုးသမီးများက ပြောသည်။

“ရုံတစ်ရုံကဆို စကားပြောတာဆိုတာ နည်းနည်း ရပ်ကွက်နဲ့ ကျမတို့ပြည်သူတွေကို ဂရုမစိုက်တဲ့ ပုံစံနဲ့တောင် ပြောလာတယ်။ အဲ့ခါကြတော့ သွားတားတဲ့ လူတွေက စိတ်တိုသွားတာပေါ့။ အရမ်းစိတ်တိုသွားကြတာ၊ အစကတော့ သွားတားဖို့အနေနဲ့ပဲ သွားတာ။ သူတိုု့က စကား ပြောတာက အထက်ကိုပဲ ပိုင်သလိုလို အဖွဲ့အစည်းနဲ့့ပဲ ဖွင့်ထားသလိုလို ပုံစံနဲ့ လေသံထွက်လာတာနဲ့ ပြည်သူ တွေက စိတ်မထိန်းနိုင်ပဲ ရိုုက်ခွဲတဲ့ အဆင့်တွေတောင် ရောက်ကုန်တယ်” ဟု ပါဝင်သူ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ဆယ်ကျော်သက်လူငယ်များမှစ၍ အမျိုးသား အများစုမှာ အကျင့်စာရိတ္တများ ပျက်ပြားနေပြီး အစိုုးရအာဏာကိုင်များက တစ်စုံတစ်ရာ အရေးယူပေးခြင်း၊ တားဆီးပေးခြင်းများ မရှိခြင်းကြောင့် အမျိုးသမီးများက အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားပြီး သွားရောက်တားမြစ်ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသမီးများက ပြောသည်။

“လောင်းကစားရုံတွေ မရှိခင်က အေးအေးချမ်းချမ်းပေါ့။ နယ်မြေမအေးချမ်းတာကတော့ သူ့ကဏ္ဍပေါ့၊ လောင်း ကစားနဲ့ ပတ်သက်ပြီးတော့ အေးချမ်းခဲ့တယ်။ ဘယ်နေရာသွားသွား အိမ်သော့မခတ်ပဲ သွားလို့ရတယ်။ ပစ္စည်း ပျောက်တယ် ရှတယ်ဆိုတာ မရှိဘူး။ အခုတော့ အိမ်မှာ လူတစ်ယောက်နှစ်ယောက်ရှိရင်တောင် မျက်နှာခဏလေး လွှဲလို့မရဘူး။ အဖောက်ခံနေရတယ်။ မလုံခြုံတော့ဘူး” ဟု ဒေသခံ မနန်း က ဆက်ပြောသည်။

သို့သော်လည်း ရပ်ကွက် (၃) (၆)၊ လွယ်ဆမ်းစစ်တောင်ခြေနှင့် ခုုိလှုံ နယ်မြေအတွင်းတွင်လည်း လောင်းကစားရုုံ အမြောက်အများ ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။

“ကျမတို့ ဖြစ်စေချင်တာက ကွတ်ခိုင်တမြို့လုံးမှရှိတဲ့ လောင်းကစားဝိုုင်းမှန်သမျှ အထက်က ဘယ်လိုတားဆီး ပေးမလဲ၊ သူတို့က တားဆီးပိတ်ပင်ပေးရင်တော့ ပိုကောင်းတာပေါ့။ တကယ် လို့ မတားဆီးပေးဘူးဆိုရင် ပြည် သူတွေအနေနဲ့ပဲ တားဆီးရမလား၊ တချက်လောက် တင်ပြစေချင်တယ်ပေါ့”

အစိုးရအာဏာပိုင်များအနေဖြင့် ထိရောက်စွာ အရေးယူခြင်းမရှိပါက ရပ်ကွက်နေပြည်သူများမှ ဆက် လက်စောင့်ကြည့်ကာ တားမြစ်ပိတ်ပင်သွားမည်ဟု ဒေသခံများက ပြောသည်။



 

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...