(၅၁) နှစ်မြောက် သြဂတ်စ်၁၃ စစ်တွေဆန်ပြသနာနေ့အခမ်းအနားကို ANPဗဟိုဌာချုပ်တွင် ကျင်းပမည်

(၅၁) နှစ်မြောက် သြဂတ်စ်၁၃ စစ်တွေဆန်ပြသနာနေ့အခမ်းအနားကို ANPဗဟိုဌာချုပ်တွင် ကျင်းပမည်
(ဓါတ်ပုံ - အင်တာနက်)
(ဓါတ်ပုံ - အင်တာနက်)

၂၀၁၈ ခုနှစ် သြဂုတ် ၁၃ ရက်နေ့တွင် ကျရောက်သော (၅၁) နှစ်မြောက် သြဂုတ် ၁၃ စစ်တွေဆန်ပြဿနာနေ့အခမ်းအနားကို ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုဌာနချုပ်တွင် ကျင်းပပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

“ ကျွန်တော်ဒီ သြဂုတ် ၁၃ ရက်နေ့အခမ်းအနားကို ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်တော့ ရခိုင်မှာ ဒီလို ဆန်ပြသနာနဲ့ပဋိပက္ခဖြစ်ပြီး ကျွန်တော်တို့ရခိုင်သားတွေ လူပေါင်းများစွာ အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးပျက်စီးပြီး သေကြေပျက်စီးရတာကို သမိုင်းသင်ခန်းစာ ယူနိုင်အောင်နဲ့ အထူးသဖြင့် အနာဂတ်မှာလူငယ်တွေ သင်ခန်းစာယူနိုင်အောင် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ (ANP) မှ ၁၃ သြဂတ်စ် စစ်တွေ ဆန်ပြသနာနေ့ အထိမ်းအမှတ် အခမ်းအနားကို စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်၊ အမှတ် ၃၉၃ ရှိ ပါတီဗဟိုဌာနတွင် မွန်းလွဲ၂ နာရီတွင် စတင်ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

၎င်းပြင် ဦးခိုင်ပြည်စိုးက “ နောက်တစ်ခါ ဒီနှစ် ဇန်နဝါရီလက ဖြစ်သွားခဲ့တဲ့ မြောက်ဦးပြသနာ နောက်ပိုင်းမှာ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ စာပေ ဟောပြောပွဲတွေ၊ လူထု တွေ့ဆုံပွဲတွေ လုပ်ကိုင်ရတာတွေဟာ တော်တော် အခက်အခဲရှိနေပါတယ်။ ဒီအတွက် ခုလို ပါတီရုံးမှာ ဆိုရင် တရားဝင် လုပ်ပိုင်ခွင့်ရှိတဲ့ အတွက် ပြောဆိုလို့ ရတဲ့ အနေအထားကြောင့် ဒီလို နေ့တွေကို လူထုအနေနဲ့မမေ့ဖို့ အတွက်ရယ်။ နောက်တစ်ခါ ပြုလုပ်သင့် ပြုလုပ်ထိုက်တာတွေကို လူထု အနေနဲ့ ပုံမှန်အတိုင်း လုပ်ဆောင်သွားကြဖို့ ဆိုတဲ့ သတင်းကို ပေးလိုတဲ့ အတွက် ခုလိုကျင်းပရတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

စစ်တွေ ဆန်ပြဿနာနေ့ကို သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ရခိုင်ပြည်နယ် အနှံ့ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ်တွင် ကျင်းပမည့်သူ မရှိသလောက် နည်းပါးနေကြောင်း သိရသည်။ အကြောင်းအရင်းမှာ ယခုနှစ် ဇန်နဝါရီလက မြောက်ဦးတွင် ဆန္ဒပြ လူအုပ်အား ရဲက ပစ်ခတ်နှိမ်နှင်းခဲ့သဖြင့် လူသေဆုံးမှုများ ရှိခဲ့ရာမှ ထပ်မံ ပြဿနာမဖြစ်ပွားအောင် ရှောင်ရှားလို၍ ဖြစ်ကြောင်း သိရသည်။

၁၃ သြဂုတ် ဟု လူသိများသော စစ်တွေ ဆန်ပြဿနာနေ့သည် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် တော်လှန်လှန်ရေး ကောင်စီ အစိုးရလက်ထက် ၁၉၆၇ ခုနှစ် သြဂုတ် ၁၃ ရက်နေ့ တွင် စစ်တွေမြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဆန်ရရှိရေး ဆန္ဒပြ လူအုပ်အား စစ်တပ်က ပစ်ခတ် လူစုခွဲသဖြင့် လူပေါင်း ရာနှင့်ချီပြီး သေဆုံးခဲ့ရသော အရေးအခင်း ဖြစ်သည်။

အစိုးရဘက်ကမူ ၎င်းစစ်တွေ ဆန်ပြသနာနေ့ အရေးအခင်းတွင် လူပေါင်း ၁၇ ဦးသာ သေဆုံးကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...