ကျောင်းသား ၂ ဦးထံမှ ဆိုင်ကယ်လုယက်ရိုက်နှက်မှု တရားခံ မမိသေး

ကျောင်းသား ၂ ဦးထံမှ ဆိုင်ကယ်လုယက်ရိုက်နှက်မှု တရားခံ မမိသေး
by -
မူအက်စတာ
ရိုက်နှက်ခံရသဖြင့် ဒဏ်ရာရရှိသွား ကျောင်းသားနှစ်ဦး(ဓါတ်ပုံ-ကျော်ပရိဘောဂ/FB)
ရိုက်နှက်ခံရသဖြင့် ဒဏ်ရာရရှိသွား ကျောင်းသားနှစ်ဦး(ဓါတ်ပုံ-ကျော်ပရိဘောဂ/FB)

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကျောင်းသားများကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်စဉ်တစ်ခု ဇူလိုင်လ ၃၁ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကိုးတန်းကျောင်းသားတစ်ဦးနှင့် ငါးတန်းကျောင်းသားများ ကျောင်းမှဆိုင်ကယ်ဖြင့် ပြန်လာစဉ် လမ်းတွင် လူငယ်နှစ်ဦးမှ ရိုက်နှက်ပြီးပါလာသော ဆိုင်ကယ်ကို လုယူသွားဖြစ်ကြောင်း လွိုင်ကော်မြို့မရဲစခန်း၏ ရဲမှတ်တမ်းက ဆိုုသည်။

လူငယ်နှစ်ဦးမှာ ကျောင်းသားနှစ်ဦးကို ဝါးလုံးတုတ်ဖြင့် ရိုက်နှက်သည့်အတွက်ကြောင့် ၉တန်းကျောင်းသား မောင်ဝေထွဋ်မှာ ဝဲဘက်မျက်လုံးဖူးယောင်ဒဏ်ရာ၊ ဝဲနားထင်ပေါက်ပြဲဒဏ်ရာ၊ ယာဘက်နဖူး ဖူးယောင်ဒဏ်ရာဖြင့် လွိုင်ကော်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ﴿အဖြစ် ဆေးကုသလျှက်ရှိကြောင်း သိရသည်။

၅တန်ကျောင်းသား မောင်ဝေယံဟိန််းမှာ ဦးခေါင်းနှောက်စေ့ ဖူးယောင်ဒဏ်ရာဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသလျှက်ရှိပြီး နေပြည်တော်သို့ပို့ဆောင်ကုသရကြောင်း သိရသည်။

ကျောင်းသားနှစ်ဦးလုံးမှာ အ.ထ.က(၄﴿၊ မိုင်းလုံး၊ အုပ်စု(၉﴿၊ နမ့်ဘော်ဝမ် (ရှမ်း﴿ရပ်ကွက်၊ လွိုင်ကော်တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့မရဲစခနခန်းမှ ပုဒ်မ ၁၇၈/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ် ၃၉၄ဖြင့်အမှုဖွင့် အရေးယူမည်ဖြစ်ပြီး ယခုချိန်ထိ တရားခံကိုမဖမ်းမိရသေးကြောင်း သိရသည်။

September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...