သီပေါမြို့တွင် ပြောင်းအဝယ်ဒိုင် ရွာသားတဦး ပစ်ခတ်ခံရ

သီပေါမြို့တွင် ပြောင်းအဝယ်ဒိုင် ရွာသားတဦး ပစ်ခတ်ခံရ
ပစ်ခတ်ခံရသူ ဦးစိန်ဝင်း၏နေအိမ်
ပစ်ခတ်ခံရသူ ဦးစိန်ဝင်း၏နေအိမ်

သျှမ်း(ရှမ်း)ပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် စံဖိတ်ရွာသားတဦးအား အမည်မသိလက်နက်ကိုင်အဖွဲ့မှ ၀င်ရောက် ပစ်ခတ်သောကြောင့် သေဆုံးသွားရကြောင်းသိရသည်။

ဇူလိုင်လ ၂၆ ရက် ည ၁၀ နာရီခန့်က သီပေါမြို့နယ် စံဖိတ်အုပ်စု စံဖိတ်ရွာသား ဦးစိန်ဝင်း (အသက် ၄၄ နှစ်) အား မျက်နှာဖုံးစွပ်ထားသော သေနတ်သမားတဦးက နေအိမ်အတွင်း ၀င်ရောက်ပစ်ခတ်ရာ ကျည်ဆန် ၃ ချက် ထိမှန်ကာ သေဆုံးသွားကြောင်းသိရသည်။

သီပေါမြို့သားစိုင်းဆိုင်က – “ကျနော်တို့သီပေါမှာ အခုတလော လုံခြုံရေးလုံးဝ မရှိတဲ့အနေ အထား ဖြစ်နေပါတယ်။ အခု လုံးစိန်ဝင်းပစ်ခတ်ခံရမှုမှာလည်း ပစ်ခတ်မှုလက်သည်က ၂ ယောက်လာတယ် ဆိုင်ကယ်နဲ့။ တယောက်ကဝင်ပစ်ပြီး နောက်တယောက်က ဆိုင်ကယ်မှာစောင့်တယ်။ လက်သည်တွေကို ရဲတပ်ဖွဲ့က မဖမ်းမိသေးတော့ ဘယ်သူမှန်းမသိရသေးဘူး ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ပစ်ခတ်ခံရသူ ဦးစိန်ဝင်းမှာ တအာင်းအမျိုးသားတဦးဖြစ်ကြောင်းသိရသည်။ ၄င်းသည် သီပေါမြို့နှင့် ၁ မိုင်ခန့် အကွာရှိ ၀မ့်စံဖိတ်ရွာတွင် ပြောင်းဖူးအဝယ်ဒိုင်လုပ်ငန်းလုပ်ကိုင်နေပြီး နေအိမ်တွင်လည်း ကုန်စုံဆိုင်ဖွင့်လှစ် ထား ကြောင်းသိရသည်။

လုပ်ကြံပစ်သတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသော သီပေါမြို့နယ်တွင် ယခုနှစ် ရ လတာကာလအတွင်း လူ ၁၀ ဦးထက်မနဲ ပစ်သတ်ခံခဲ့ရကြောင်း   နာရေးကူညီမှုအသင်း၏ ဖေ့စ်ဘုစာမျက်နှာ တွင်ဖော်ပြထားချက်အရသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...