ပုဏ္ဍားကျွန်း ဦးရာဇ်တောင်စေတီအနီး ပုတ်ပွနေသော အမျိုးသမီးတစ်ဦး အလောင်းတွေ့ရှိ

ပုဏ္ဍားကျွန်း ဦးရာဇ်တောင်စေတီအနီး ပုတ်ပွနေသော အမျိုးသမီးတစ်ဦး အလောင်းတွေ့ရှိ

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ဦးရာဇ်တောင် စေတီအနီးမှ ပုတ်ပွနေသော အမျိုးသမီး တစ်ဦး၏ အလောင်း တစ်လောင်းကိုဇူလိုင် ၂၈တွင် တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

ဘုရားဂေါပ တစ်ဦးက “ ဦးရာဇ်တောင်စေတီရဲ့ စနေထောင့် သံဝေဇနိယလေးဌာန အဆောင်အောက်မှာတွေ့တာပါ။ အသက်အရွယ်ကတော့ ၂၅ နှစ်နဲ့ ၃၀ ကြားအရွယ်လို့ ခန့်မှန်းရပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

အလောင်းမှာ ပုတ်ပွနေပြီး အမည်၊ နေရပ်လိပ်စာများကို မသိရှိရကြောင်း၊ နားတွင် နားကပ်တစ်ရံပါသည်ဟု သိရကြောင်း သူက ပြောကြားသည်။

အဆိုပါ အမျိုးသမီး အလောင်းတွေ့ရှိမှုနှင့် ပတ်သက်ပြီး ပုဏ္ဍားကျွန်းမြို့မ စခန်းမှူးသို့ ဆက်သွယ်ရာ ပုတ်ပွနေသည့် အမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိခြင်းမှာ မှန်ကန်ကြောင်း ပြောကြားသည်။

“ ဘာကြောင့် သေတယ်ဆိုတာမပြောနိုင်သေးဘူး။ ဆေးရုံက ဆေးစစ်ချက်တွေ မရသေးဘူး။ အမည်၊ နေရပ်လိပ်စာလည်း မသိဘူး။ မနေ့ညနေက အလောင်းရတယ်။ ဆေးရုံကို ဆေးစစ်ဖို့ ပို့တယ်။ ဒီနေ့ သဂြိင်္ုလ်လိုက်ပြီ” ဟု စခန်းမှူးက ပြောကြားသည်။

သေဆုံးရခြင်း အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရဲအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်ကို ဆက်လက် မေးမြန်းရာ စခန်းမှူးက ပြန်လည် ဖြေကြားခြင်း မရှိဘဲ ချက်ချင်း ဖုန်းချသွားသဖြင့် မည်သည့် အတွက် သေဆုံးရခြင်းကို တင်ပြနိုင်ခြင်း မရှိပါ။

April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...
April 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေကျေးရွာများအား မြန်မာစစ်တပ်က...