မာန်အောင်မြို့နယ်တွင် ရေလုပ်သား နှစ်ဦး ပျောက်ဆုံးနေ

မာန်အောင်မြို့နယ်တွင် ရေလုပ်သား နှစ်ဦး ပျောက်ဆုံးနေ
by -
အောင်လင်းထွန်း(မာန်အောင်)

ရခိုင်ပြည်နယ် မာန်အောင်မြို့မှ ကျေးရွာနှစ်ခုတွင် ဇူလိုင် ၃၀ ရက်နေ့ တစ်နေ့တည်း အတွင်း ငါးဖမ်းသမား အမျိုးသားနှစ်ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

မာန်အောင်မြို့နယ်၊ သစ်ဝအုပ်စု၊ သစ်ဝချောင်းအတွင်း ပင်လယ်မှ ငါးဖမ်းပြီး အိမ်အပြန် ဆိပ်ကမ်း ကပ်ရန် ပြင်ဆင်နေချိန်တွင် စက်လှေမှာ ချောင်းအတွင်း ကန့်လန့်ဖြတ် ဖြစ်သွားပြီး နစ်မြုပ်ရာ ငါးဖမ်း စက်လှေပေါ် လိုက်ပါသူ ၄ဦး အနက် ၃ဦးမှာ အသက်ရှင် လွတ်မြောက်လာခဲ့သော်လည်း တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း သစ်ပုံရဲကင်း တာဝန်ရှိသူမှာ ပြောကြားပါသည်။

"ဇူလိုင် ၃၀ ရက်နေ့က ဦးဖြူလှအောင် စက်လှေနဲ့ လူ ၄ဦး လိုက်ပါသွားခဲ့ပါတယ်။ ညနေ ၄ နာရီ ၁၅ မိနစ် အချိန်မှာ ပင်လယ်ကနေ ငါးဖမ်း အပြီး အပြန်မှာ ဆိပ်ကမ်းကပ်ဖို့အတွက် စက်ရှိန် လျော့ပြီး ကြိုးချည်ရန်လုပ်နေတုန်း ချောင်းရေစီးပြင်းတဲ့ အတွက်ကြောင့် စက်လှေက ချောင်း အတွင်း ကန့်လန့် ခံပြီး နစ်မြုပ်သွားပါတယ်။ သုံးဦးက လွတ်မြောက်လာပြီး တစ်ဦးက စက်လှေနှင့် အတူ ပါသွားပြီး ပျောက်ဆုံးနေပါတယ်။ စက်လှေကို ဒီနေ့ မနက် ၈ နာရီ ၄၅ မိနစ် အချိန်မှာ ချောင်းအဝင် ပင်လယ်ဝ သဲခုံပြင်မှာ ပြန်တွေ့တယ်။ လူကိုတော့ အခုအချိန်ထိ မတွေ့ သေးဘူး” ဟု သစ်ပုံရဲကင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသက်ရှင် လွတ်မြောက်လာသူ ၃ ဦးမှာ ဦးဖြူလှအောင်၊ ကျော်လွင်နှင့် ဦးမောင်ဆန်းလွှင် တို့ဖြစ်ကြပြီး ပျောက်ဆုံးနေသူမှာ ဘူးရေမျက်ကျေးရွာနေသူ ဦးဖြူလုံး (၅၅)နှစ် ဖြစ်ကြောင်း သိရသည်။

အလားတူ မာန်အောင်မြို့နယ် ဘဲအင်းကျေးရွာအုပ်စု ပန်းခြံချောင်းအတွင်း ကမ်းကပ်ထားသော စက်လှေတစ်စီးမှ ရေခပ်ထုတ်နေသူတစ်ဦး ရေထဲပြုတ်ကျပြီး ပျောက်ဆုံးနေကြောင်း သိရသည်။

ပျောက်ဆုံးသူမှာ ဒုန်းဒုန်းပြင်ကျေးရွာနေ ဦးမြင့်လွှင် ဖြစ်ကြောင်း သိရသည်။

“ ဇူလိုင် ၃၀ ရက်နေ့ ညဉ့် ၁၁ နာရီ ၃၀ မိနစ် အချိန်မှာ ဖြစ်တာပါ။ ဦးမြင့်လွှင်က ၎င်းပိုင်ဖြစ်တဲ့ စက်လှေအတွင်းကနေ မိုးရေတွေကို ခပ်ထုတ်ပြီး ပစ်ချနေစဉ် ရေထဲပြုတ်ကျပြီး ပျောက်ဆုံးနေခြင်း ဖြစ်ပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဦးမြှင့်လွှင်ကို ပျောက်ဆုံးသွားချိန်မှ စပြီး ချောင်းရိုးတစ်လျှောက် ရေလုပ်သားများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ အဖွဲ့မှ လိုက်လံ ရှာဖွေနေကြောင်း သိရသည်။

ဇူလိုင်လအတွင်း မာန်အောင်မြို့နယ်အတွင် ရေနစ် မတော်တဆေ သဆုံးသူ ၄ဦး သေဆုံးခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...