အမ်းမြို့နယ်တွင် ရေစီးနှင့် မျောပါ၍ တစ်ဦးသေ၊ တစ်ဦးပျောက်ဆုံး

အမ်းမြို့နယ်တွင် ရေစီးနှင့် မျောပါ၍ တစ်ဦးသေ၊ တစ်ဦးပျောက်ဆုံး
လက်ရှိ အမ်းမြို့နယ်တွင် ရေကြီးနေသည်ကို မြင်တွေ့ရစဉ်( ဓာတ်ပုံ- internet)
လက်ရှိ အမ်းမြို့နယ်တွင် ရေကြီးနေသည်ကို မြင်တွေ့ရစဉ်( ဓာတ်ပုံ- internet)

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ယမန်နေ့ (ဇူလိုင် ၂၅ ရက်နေ့) ညနေက ချောင်းကို ဖြတ်ကူးရာမှ ရေစီးနှင့် အတူ မျောပါသွားသဖြင့် လူတစ်ဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ အမ်းမြို့နယ် ရူးရခိုင်ရွာမှ ဦးခင်မောင်လုံးဖြစ်ပြီး ပျောက်ဆုံးနေသူမှာ ချင်းရူးရွာမှ ဦးငတောင်ချေဖြစ်ကြောင်း ရူးရွာမှ အရပ်လူကြီးတစ်ဦးဖြစ်သူ ဦးမြတ်မင်းနိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ ဖြစ်တာက ဒီကနေ့ ညနေပိုင်းမှာ ဖြစ်တာပါ။ ရူးချင်းရွာကနေ ရူးရခိုင်ရွာကို ဖြတ်ဆင်းကူးရာကနေ ရေစီးနဲ့ မျောပါသွားတာပါ။ ချောင်းက လူတစ်ရပ်ထက် နည်းနည်းဘဲ နက်ပါတယ်။ ဒီအတိုင်း ချောင်းကို ဖြတ်ဆင်းကူးရာကနေ ရေစီးနဲ့ မျောပါသွားတာပါ။ ချောင်းက ပေ ၁၂၀ ဝန်းကျင်လောက်ဘဲ ကျယ်ပါတယ်” ဟု ဦးမြတ်မင်းနိုင်က ပြောကြားသည်။

ရေစီးနှင့် မျောပါသွားပြီးနောက် ချက်ချင်း အနီးအနားမှ လူများက လိုက်လံ ဆယ်ယူကြရာ ရခိုင်လူမျိုး ဦးခင်မောင်လုံးအား ပြန်လည် ဆယ်ယူရရှိသော်လည်း သေဆုံးနေပြီဖြစ်ကြောင်း၊ ချင်းလူမျိုးဖြစ်သူ ဦးငတောင်ချေကိုမူ ရှာဖွေ၍ မရရှိသေးကြောင်း သူက ပြောကြားသည်။

“ အခု ဦးခင်မောင်လုံးရဲ့ အလောင်းကို ရူးရွာမှာဘဲထားပါတယ်။ သက်ဆိုင်ရာကိုတော့ အကြောင်းကြားထားပါတယ်” ဟု သူက ပြောကြားသည်။

ဦးခင်မောင်လုံးမှာ အသက် (၆၀) ကျော်ခန့်ရှိနေပြီ ဖြစ်ပြီး ကမ်းထောင်းကြီးကျေးရွာမှ ရူးရွာတွင် အိမ်ထောင်ကျနေသူ ဖြစ်ကြောင်း သိရသည်။

 

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...