ဒေါက်တာအေးမောင်တို့အမှု ရှေ့လတွင် ပြီးပြတ်နိုင်ဟုဆို

ဒေါက်တာအေးမောင်တို့အမှု ရှေ့လတွင် ပြီးပြတ်နိုင်ဟုဆို
by -
မာန်ယုကျော် (ရွှေဝမြေ)
(ဓာတ်ပုံ – ဇူလိုင် ၂၃ ရက်နေ့ ရုံးထုတ်ရာတွင်တွေ့ရသည့် ဒေါက်တာအေးမောင်)
(ဓာတ်ပုံ – ဇူလိုင် ၂၃ ရက်နေ့ ရုံးထုတ်ရာတွင်တွေ့ရသည့် ဒေါက်တာအေးမောင်)

ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ ရင်ဆိုင်နေရသည့် အမှုသည် လာမည့် သြဂုတ်လ အတွင်းပြီးပြတ်နိုင်ကြောင်း ဇူလိုင်လ၂၃ရက်နေ့ တွင် ရုံးထုတ်လာစဉ် ဒေါက်တာအေးမောင်က သတင်းသမားများသို့ ပြောကြားသည်။

“အမှုက ပြီးတော့မယ်ဗျ။ စရဖက မလာတော့ဘူး။ အဲဒီတော့ ၁၇(၁)လည်း နောက် သက်သေတွေ မခေါ်တော့ဘူးလို့ကြားတယ်။ ၃ဝ ရက်နေ့မှာ ကိုကျော်နုကို ပြန်ခေါ်မယ်။ ရသေ့တောင်က ဟိုတုန်းက စခန်းမှူးလုပ်ခဲ့တဲ့ ဦးကျော်နုကိုပြန်ခေါ်မယ်။ အဲဒါပြီးရင် ပြီးပြီ။ ၃ မှုလုံးပြီးပြီ။ အဲဒီတော့ သြဂုတ်လဆိုရင် ပြတ်ပြီပေါ့ဗျာ။ ကျနော်လည်း ဝမ်းသာတယ်။”ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ အပါအဝင် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ၊ မတရားအသင်းနှင့်ဆက်သွယ်မှုပုဒ်မ စသည့် ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

စွဲဆိုထားသည့်ပုဒ်မ ၃ ခုအနက် နိုင်ငံတော်ပုန်ကန်မှုပုဒ်မနှင့် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မတို့တွင် တရားလိုပြသက်သေအားလုံးကို စစ်ဆေးပြီးသွားပြီဖြစ်ပြီး မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မတွင် အမှုစစ်ရဲအရာရှိတစ်ဦးတည်း ကိုသာစစ်ဆေးရန်ကျန်ရှိတော့ကြောင်း ဒေါက်တာအေးမောင်၏ ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။

“၁၇(၁)က ကျန်တဲ့သက်သေတွေကို သူတို့(တရားရုံးက)ပယ်တယ်ဆိုရင် သက်သေ စစ်ဆေးခြင်း ပြီးပြီ။ ပြီးပြီဆိုတော့ နောက်တစ်တစ်ပတ်မှာ ပုံမှန်အတိုင်းဆိုရင် တရားရုံးမှာ လျှောက်လဲချက် ပေးရမယ်။ နောက်တစ်ပတ် အမိန့်ချမယ်။ စွဲချက်တင်ရင်လည်း အမှုရုံးချိန်က နောက်ထပ် ၃ ကြိမ်မဟုတ်ရင် ၄ ကြိမ်မှာ အမှုပြတ်နိုင်ပါတယ်” ဟု ဦးအောင်ကျော်စိန်က ဆိုသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ဇူလိုင်လ ၃ဝ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက်သည်။

သူတို့နှစ်ဦးသည် ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့တွင်ပြုလုပ်ခဲ့သည့်စာပေဟောပြောပွဲတွင် နိုင်ငံတော်ကို အကြည်အညိုပျက်စေသည့် စကားများကို သုံးနှုန်းဟောပြောခဲ့သည်ဟုဆိုကာ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ၅၀၅ (ခ) (ဂ) နှင့် မတရားအသင်း ဆက်သွယ်မှု ပုဒ်အမ ၁၇ (၁) ဖမ်းဆီး တရားစွဲခံနေရခြင်းဖြစ်ကြောင်း သိရှိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...