ရခိုင်အမျိုးသားပါတီ မြို့နယ်မျက်နှာစုံညီအစည်းအဝေး မြောက်ဦးတွင် ကျင်းပ

ရခိုင်အမျိုးသားပါတီ မြို့နယ်မျက်နှာစုံညီအစည်းအဝေး မြောက်ဦးတွင် ကျင်းပ
by -
နောင်ခိုင်အောင်

ရခိုင်အမျိုးသားပါတီ ( ANP) ၏ မြို့နယ်မျက်နာစုံညီ အစည်းအဝေးကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ညောင်ပင်စျေးရပ်ကွက်၊ နန်းသားကန်ဓမ္မာရုံတွင်ဇူလိုင် ၂၂ နေ့တွင်ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးကော်မတီတစ်ခုစီမှ ကိုယ်စားလှယ်များ၊ မြို့နယ်စောင့်ကြည့်လေ့လာသူ ကိုယ်စားလှယ်များ၊ ပါတီဝင်များနှင့် စိတ်ပါဝင်စားသူ ၂၀၀ ကျော် တက်ရောက်ဆွေးနွေးနေကြောင်း သိရသည်။

"ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့ ဒီထက်ပိုပြီး ကျစ်လစ်ခိုင်မာဖို့ရယ်။ နောက်ပြီးတော့ မြို့နယ်ကော်မတီ၊ ဗဟိုကော်မတီတွေနဲ့ မြို့နယ် ပါတီဝင်တွေ အားလုံး နွေးနွေးထွေးထွေး တွေ့ဆုံဆွေးနွေးနိုင်ဖို့ အတွက်ရယ်၊ ပြီးတော့ ပါတီနဲ့ ပတ်သက်ပြီး သိရှိလိုတာတွေကို အပြန်အလှန်မေးမြန်းနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်။" ဟု မြောက်ဦးမြို့နယ် ANP အတွင်းရေးမှူး ဦးထွန်းနီဝင်းက ပြောသည်။

ယခု အစည်းအဝေးမှာ မြို့နယ်လုံးကျွတ်နှာစုံညီအစည်းအဝေးဖြစ်ကြောင်း၊ အဓိက ရခိုင်အမျိုးသားပါတီနှင့် ပတ်သက်၍ ပါတီဗဟိုကော်မတီဝင်များ၊ မြို့နယ်ကော်မတီနှင့် ပါတီဝင်များ အကြား အပြန်အလှန် ဆွေးနွေးနိုင်ရန် အတွက်ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

အစည်းအဝေးသို့ မြောက်ဦးမြို့နယ် ရပ်ကျေးကော်မတီဝင် ၂ ဦးကျစီ တက်ရောက်နေပြီး်မြောက်ဦးမြို့နယ်တွင် ကျေးရွာ အုပ်စု ၁၀၀ ရှိပြီး ကျေးရွာပေါင်း ၂၆၀ ကျော်ရှိကြောင်း သိရသည်။

May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...