အာဇာနည်ခေါင်းဆောင်များ၏ကျေးဇူးကိုဆပ်လို၍ အာဇာနည်နေ့အခမ်းအနားပြုလုပ်ရခြင်းဟုဆို

အာဇာနည်ခေါင်းဆောင်များ၏ကျေးဇူးကိုဆပ်လို၍ အာဇာနည်နေ့အခမ်းအနားပြုလုပ်ရခြင်းဟုဆို
by -
မာန်ယုကျော် (ရွှေဝမြေ)

အာဇာနည်ခေါင်းဆောင်များ၏ ကျေးဇူးကိုဆပ်လို၍ အာဇာနည်နေ့အခမ်းအနား ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ဇူလိုင်လ ၁၉ ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမမှာပြုလုပ်ခဲ့တဲ့ ၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ဝန်ကြီးချုပ်က ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

"ဗိုလ်ချပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ကျေးဇူးတရားတွေကို မမေ့သင့်တဲ့အနေနဲ့၊ ကျေးဇူးဆပ်တဲ့အနေနဲ့၊ ခေါင်းဆောင်ကြီးတွေရဲ့ မျှော်မှန်းချက်၊ ရည်မှန်းချက်တွေကို ဆက်လက်ပြီးတော့ ဖော်ဆောင်တဲ့အနေနဲ့၊ ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့တဲ့၊ မျှော်လင့်ခဲ့တဲ့ သာယာဝပြောပြီးတော့ ခေတ်မီတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နိုင်ဖို့ အတွက် ဒီလိုအနှစ်သာရပြည့်ပြည့်ဝဝနဲ့ ကျနော်တို့ ကျင်းပသွားမှာဖြစ်ပါတယ်"ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ပြောသည်။

စစ်တွေတွင်ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာမှ ပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

"ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် သူရဲခေါင်း အာဇာနည်ခေါင်းဆောင်တွေကျဆုံးသွားတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်"ဟု နည်းပညာတက္ကသိုလ်(စစ်တွေ)၏ ကျောင်းသားသမဂ္ဂ ကိုယ်စား တက်ရောက်လာသည့် မခိုင်စုလှိုင်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာ အာဇာနည်ခေါင်းဆောင်(၉)ယောက်သည် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် မသမာသူများ၏လုပ်ကြံမှုကိုခံခဲ့ရခြင်းဖြစ်သည်။

May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...