မြေပုံမြို့နယ် ငါးခူချောင်းရွာ လေဆင်နှာမောင်းတိုက်၊ အိမ် ၂၉ လုံးပြိုပျက်

မြေပုံမြို့နယ် ငါးခူချောင်းရွာ လေဆင်နှာမောင်းတိုက်၊ အိမ် ၂၉ လုံးပြိုပျက်

ရခိုင်ပြည်နယ် မြေပုံမြို့နယ် အတွင်းငါးခူချောင်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ အိမ် ၂၉ လုံး ထိခိုက်ခဲ့ပြီး ထိုအထဲတွင် ၆ လုံးမှာ လုံးဝ ပြိုပျက်သွားကြောင်း သတင်းရရှိသည်။

“ ထိခိုက်တဲ့ အိမ်က ၂၉ လုံးပါ။ အဲဒီအထဲမှာ ၆ လုံးကတော့ လုံးဝ ပြိုပျက်တယ်။ ကျန်တာတွေက တစ်ဝက်တစ်ပျက် ပြိုပျက်တာနဲ့ နည်းနည်းပါးပါး ပြိုပျက်တာတွေရှိပါတယ်” ဟု မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနီကျော်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းလေဆင်နှာမောင် ယမန်နေ့ (ဇူလိုင်လ ၁၇ ရက်နေ့) နံနက် အစောကြီး ၁ နာရီခန့်တွင် တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး အထိအခိုက် ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

“ဒီနေ့(ဇူလိုင် ၁၇) မနက်ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာကလူကြီးတွေ လာသွားပါတယ်။ မာမန်းခေါက်ဆွဲထုတ်တွေပေးထားလိုက်ပါတယ်။ အိမ်ပြိုသွားတဲ့သူတွေက လောလောဆယ်တော့ နီးစပ်ရာ အိမ်မှတွေနေကြပါတယ်။ ပြန်ပြီးအိမ်တွေကို ပြင်ပြီးနေထိုင်သူတွေလည်း ရှိပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

အတွင်းငခူးချောင်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို မြောက်ဦးခရိုင် သဘာဝ ဘေးအန္တာရာယ် စီမံ ခန့်ခွဲမှု ကော်မတီသို့ တင်ပြထားပြီး အကူအညီများ မနက်ဖြန်တွင် ရောက်ရှိလာနိုင်ကြောင်း ပြောကြားသည်။

အတွင်း ငါးခူချောင်းကျေးရွာမှ ကျောင်းဆရာဦးမောင်ဝင်းစိုးက “ လေဆင်နှာမောင်းတိုက်တာက ဒီနေ့ (ဇူလိုင် ၁၇)မနက် အစောကြီး ညဉ့် အချိန် ၁ နာရီ မိနစ် ၂၀ လောက်မှာ တိုက်သွားတာပါ။ ရွာတောင်ဘက်ကနေ လေက ဝင်လာပြီး ဟုန်းဆိုပြီး တစ်ခါတည်း တိုက်သွားတာပါ။ ချက်ချင်းဘဲ အိမ်တွေ ပြိုသွားပါတယ်” ဟု ပြောကြားသည်။

အတွင်း ငါးခူချောင်းကျေးရွာတွင် နေအိမ် ၃၀၀ ခန့်ရှိပြီး အလယ်တန်းကျောင်းလည်း ရှိကြောင်း ဦးမောင်ဝင်းစိုးက ပြောကြားသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...