ပန်းမြောင်းတွင် ဂုဏ်ပြုပူဇော် စိုက်ထူမည့် ဆရာတော် ဦးဥတ္တမကြေးသွန်းရုပ်တုရောက်ရှိ

ပန်းမြောင်းတွင် ဂုဏ်ပြုပူဇော် စိုက်ထူမည့် ဆရာတော် ဦးဥတ္တမကြေးသွန်းရုပ်တုရောက်ရှိ
ဆရာတော် ဦးဥတ္တမကြေသွန်း ရုပ်တုကို ဒေသခံ ပြည်သူများက ဝိုင်းဝန်းကြိုဆိုနေပုံ(ဓာတ်ပုံ- ဖေ့စ်ဘုတ်)
ဆရာတော် ဦးဥတ္တမကြေသွန်း ရုပ်တုကို ဒေသခံ ပြည်သူများက ဝိုင်းဝန်းကြိုဆိုနေပုံ(ဓာတ်ပုံ- ဖေ့စ်ဘုတ်)

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းစံပြကျေးရွာတွင် ဂုဏ်ပြုပူဇော်ထားရှိမည့် ဆရာတော် ဦးဥတ္တမကြေးသွန်း ရုပ်တုသည် ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်နေ့) တွင် မြောက်ဦးမြို့မှ တစ်ဆင့် ပန်းမြောင်းသို့ ရောက်ရှိ လာပြီဟု သိရသည်။

၎င်းဆရာတော် ဦးဥတ္တမရုပ်တုအား ကျပ်ငွေသိန်းပေါင်း (၇၅) သိန်း အကုန်အကျခံကာ ပန်းမြောင်း ဒေသခံများနှင့် နာဂရာကျေးရွာ ဒေသခံများ ထည့်ဝင်လှူဒါန်းငွေဖြင့် မြောက်ဦးမြို့တွင် သွန်းလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦးဥတ္တမ ကြေးသွန်းရုပ်တုအား ပန်းမြောင်းတိုက်နယ် ဆေးရုံကြီးရှေ့ ငှက်တော်ရပ် ဘုန်းကြီးကျောင်း တောင်စောင်းနဘေးတွင ်ပန်းခြံပြုလုပ်ပြီး စိုက်ထူသွားမည်ဟု သိရသည်။

“လောလောဆယ် ယာယီ တစ်လ၊ နှစ်လကိုတော့ ပန်းမြောင်း အောင်မင်္ဂလာဘုန်းတော်ကြိီး ကျောင်းမှာ ခေတ္တထားရှိပြီးတော့ မိုးအကုန် ရာသီဥတု သာယာတဲ့ အချိန်မှာ ရုပ်တုထားမယ့် နေရာကို ပြောင်းရွှေ့ စိုက်ထူသွားမှာ ဖြစ်ပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဆရာတော် ဦးဥတ္တမရုပ်တုအား မြောက်ဦးမှ ပန်းမြောင်းသို့ ယူဆောင်လာရာ ဒေသခံ ပြည်သူများက ၀ိုင်းဝန်းကြိုဆိုခဲ့ကြသည်ဟု သိရသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...