ငြိမ်းချမ်းရေး ကော်မရှင်နှင့် KNPP တို့ အလွတ်သဘောတွေ့

ငြိမ်းချမ်းရေး ကော်မရှင်နှင့် KNPP တို့ အလွတ်သဘောတွေ့

ငြိမ်းချမ်းရေး ညီလာခံတက်ရောက်လာသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ ဇူလိုင် ၁၂ ရက်နေ့တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုင်းနိုင်ငံ၌ ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းထားမှု ပျက်ပြယ်သွားခဲ့ပြီးနောက် အလွတ်သဘောပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။

ယမန်နေ့ တွေ့ဆုံမှုတွင် ငြိမ်းချမ်းရေးကော်မရှင်မှ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းနှင့် ဒုတိယ ဥက္ကဌ ဦးသိန်းဇော်တို့တက်ရောက်ခဲ့ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီဖက်မှ ဒုတိယ ဥက္ကဌ ခူးဦးရယ်နှင့်အတူ ဗိုလ်ချုပ်အောင်မြတ် (ဒု-စစ်ဦးစီးချုပ်)၊ အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်၊ တွဲဖက်အတွင်းရေးမှူး(၂) ခူးဒယ်နီယယ်တို့ တက်ရောက်ခဲ့သည်။

ယမန်နေ့ တွေ့ဆုံပွဲရလဒ်ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါ။

ဧပြီလ ၂၆ ရက်နေ့က ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် ငြိမ်းချမ်းရေး ကော်မရှင် PC တို့သည် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ မြို့တော်ခန်းမတွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် ချုပ်ဆိုခဲ့သည့် နှစ်ဖက်သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးခဲ့ကြပြီး NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်းသွားရန် အပါအဝင် အချက် ၃ ချက်ပါ သဘောတူညီမှု ရရှိခဲ့သည့် ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အလားတူ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့အား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အတူတကွ အကောင်အထည် ဖော်နိုင်ရန် NCA အပစ်ရပ် ခေါင်းဆောင်များက ဇွန်လလယ်က သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်ပြီး အစိုးရငြိမ်းချမ်းရေးကော်မရှင် PC နှင့် NCA လက်မှတ်ရေးထိုးနိုင်ရေး အလွတ်သဘော တွေ့ဆုံမှုများ၊ ဆွေးနွေးမှုများ၊ ညှိနှိုင်းမှုများ ပြုလုပ်နေသည့် အဖွဲ့ဖြစ်သည်။

September 14, 2026
အရပ်သား အုပ်ချုပ်ရေးနှင့် စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်မည် မဟုတ်ဘဲ လူထုကို အကာအကွယ်...
September 14, 2026
ကချင်ပြည်၊ ရွှေကူနှင့် ဗန်းမော်မြို့နယ်အတွင်း သို့ စစ်တပ်က စစ်အင်အားဖြည့်တင်းမှုများနှင့်...
September 14, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တွင် ပါဝင်သည့် တိုင်းရင်းသား...
ဓါတ်ပုံ - Crd
September 12, 2026
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို တော်လှန်ရေး...