နှစ်ဘက်သဘောတူသည့် အခင်းအကျင်းဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် KNPP ပြော

နှစ်ဘက်သဘောတူသည့် အခင်းအကျင်းဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် KNPP ပြော
by -
ခူးစိုးရယ်ဦး
KNPP ဒုဥက္ကဌ ခူဦးရယ်
KNPP ဒုဥက္ကဌ ခူဦးရယ်

ငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရနှင့်အတူ တပ်မတော်က တက်ကြွစွာ ဦးဆောင်ပါဝင်ရာတွင်တိုင်းရင်းသားလက်နက်ကိုင်များနှင့် နှစ်ဘက်သဘောတူသည့် အခင်းအကျင်းဖြင့် ဆောင်ရွက်ရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးလမ်းကြောင်းကို အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက အယုံအကြည်ကင်းမဲ့နေသေးခြင်းကြောင့် NCA လက်မှတ်ထိုးရေး စောင့်ကြည့်နေဆဲဖြစ်သည်ဟု KNPP ၏ ဒုဥက္ကဌ ခူဦးရယ်က ဆိုသည်။

“အားလုံးအမြင်နဲ့ ကျွန်တော်တို့ သဘောထားအမြင်နဲ့ တစ်ထပ်တည်း ကျဖို့ကတော့ လိုပါတယ်၊ ကျွန်တော်တို့ ကြားထဲမှာ တူညီတဲ့ အမြင်သဘောထား ရှိရမယ်၊ ကျွန်တော်တို့ ကြားထဲမှာ အပြန်အလှန်နားလည်ဖို့ လိုတယ်။”ဟု ၎င်းက ပြောသည်။

လေ့လာသူအဖြစ် ဖိတ်ကြားသဖြင့် ယင်းညီလာခံသို့ KNPP တက်ရောက်နေသည်။

“ကိုယ်လိုချင်တဲ့ ဖြစ်တည်မှု သမိုင်းကြောင်းကိုဘဲ ကိုယ်စွတ်ပြောနေတဲ့ ဟာမျိုးနဲ့ကတော့ ဒါဟာ အမှန်အကန်ရှိနေတဲ့ သဘောသဘာဝနဲ့ သဟဇာတမပြည့်မီဘူး၊ ဆီလျော်မှုမရှိဘူး အဲတော့ ကောင်းမွန်တဲ့ အဖြေတစ်ခုကိုတော့ မလွယ်ဘူးပေါ့”ဟု ခူဦးရယ်က ပြောသည်။

ငြိမ်းချမ်းရေး အရိပ်ကောင်းရှိမှသာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် တည်ငြိမ်အေးချမ်းသော လူ့ပတ်ဝန်းကျင်၊ သာယာသော လူမှုဘဝ၊ ဖွံ့ဖြိုးတိုးတက်သော အခြေခံအဆောက်အအုံတွေကို ဖန်တီးတည်ဆောက်နိုင်ကြမှာဖြစ်တယ်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၁ ရာစုပင်လုံ တတိယညီလာခံ ပထမနေ့၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“မလိုလားအပ်တာတွေကို ဆွဲထည့်ဆွေးနွေးပြီး အချိန်ဆွဲနေမယ့်အစား တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိလာချိန်မှာ ရှေ့ဆက်ဆောင်ရွက်လုပ်ရမယ့် လုပ်ငန်းများကို ဒီမိုကရေစီနည်းလမ်းတကျ ဆွေးနွေးညှိနှိုင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ လိုအပ်တယ်။”ဟု ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းသည်။

အတိတ်၏ နာကြည်းချက်များ၊ ရန်ငြိုးရန်စ၏ ပုံရိပ်ဆိုးများကို သင်ခန်းစာရယူပြီး အမြင်သစ်၊ အသွင်သစ်ဖြင့် ငြိမ်းချမ်းရေးခရီးကို ရှေ့ဆက်တိုးကြရန် ၎င်းက ပြောသည်။

၂၁ တတိယအကြိမ် NCA လက်မှတ်ရေးထိုးနိုင်ရေးတွက် နိုင်ငံရေးပြဿနာများကို ညှိနိိုင်းဖြေရှင်းကြရာတွင် အခက်ခဲအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးအတွက် အားမလျော့ဘဲ ရှေ့ဆက်က ဒီမိုကရေစီနှင့် ဖယ်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရန် ခိုင်မာသော စိတ်ဓါတ်နှင့် သံဓိဋ္ဌာန်ချပြီး ဆက်လက်လုပ်ဆောင်သွားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“ဒီချိန်မှာ NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်ဖို့ လက်တွေ့အခြေအနေကနေ စတင်ရမှာ ဖြစ်တယ်”ဟု ၎င်း ပြောကြားသည်။

ဇူလိုင် ၁၁ မှ ၁၇ ရက်နေ့အထိ ကျင်းပမည့် ယခုတစ်ကြိမ် ပင်လုံညီလာခံကို လူဦးရေ ၁ ထောင်နီးပါး တက်ရောက်နေသည်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...