မာန်အောင်မြို့နယ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့

မာန်အောင်မြို့နယ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့
by -
အောင်လင်းထွန်း(မာန်အောင်)

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ ကျေးရွာနှစ်ခုတွင် တစ်ရက်တည်းအတွင်း အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ အလောင်းအား ရေထဲမှ ရှာဖွေ တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

မာန်အောင်မြို့နယ် ကမားကျေးရွာတွင် အမျိုးသားတစ်ဦ၏ အလောင်းအား ကမားချောင်းထဲတွင် တွေ့ရှိခဲ့ကြောင်း၊ ရေနစ်၍ သေဆုံးပုံရကြောင်း၊ ၎င်းအမျိုးသားမှာ ဦးမိုးနိုင် (၄၀)နှစ် (ဘ) ဦးရွှေမောင်ဦး ဖြစ်ကြောင်း ကမားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုန်းရွှေက နိရဥ္စရာသို့ ပြောသည်။

” ဇူလိုင် ၉ ရက်နေ့ ည ၈နာရီ အချိန်လောက်မှာ လယ်တောသို့ ညအိပ်ဖို့ သွားခဲ့တယ်။ သူက မကြာခဏ ခုလိုဘဲ ညအိပ်သွားလေ့ရှိတယ်။ ညအိပ်ပြီး နောက်တစ်နေ့ ဇူလိုင် ၁၀ ရက်နေ့ နံနက်မှာ အိမ်ပြန် မလာတော့ မိသားစုတွေက သွားရှာတယ်။ ဒီကနေ့ ဇူလိူင် ၁၁ ရက် မနက် ၆ နာရီမှာ အလောင်းကို ကမားချောင်းထဲမှာ ရှာဖွေ တွေ့ရှိခဲ့ပါတယ်” ဟု ဦးအုန်းရွှေ မှ ပြောကြားသည်။

သေဆုံးသူ ဦးမိုးနိုင် အလောင်းအား မာန်အောင်မြို့နယ် ဆေးရုံသို့ ရင်ခွဲစစ်ဆေးရန် ပို့ဆောင် ထားပြီး သေမူသေခင်းအဖြစ် (၂/၁၈)အမူဖွင့်ထားကြောင်း၊ ဓမ္မတာအတိုင်း သေဆုံးမူ ဟုတ်/ မဟုတ်ကို စစ်ဆေးလျက်ရှိကြောင်း ရဲအုပ် ဦးစံရွှေလှမှ ပြောကြားသည်။

မာန်အောင်မြို့နယ် မျှော်တော်ဦးကျေးရွာအုပ်စု ပြားကြီးကျေးရွာတွင်လည်း ယမန်နေ့ နံနက် အမျိုးသမီး တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းအမျိုးသမီးမှာ မချောစု (၃၂) နှစ် ဖြစ်ကြောင်း၊ အလောင်းအား ယမန်နေ့ နံနက် ၁၀ နာရီတွင် သိပ်ပုံချောင်း ပြားကြီးတံတား အောက်မှ ရှာဖွေ တွေ့ရှိခဲ့ကြောင်း မာန်အောင်မြို့နယ်မှ ရဲတာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

“ အဲဒီ အမျိုးသမီးက အဖွားဖြစ်သူနဲ့ အတူအိပ်နေပြီး မနက် မိုးလင်းတော့ အဖွားဖြစ်သူက အိပ်ယာမှ ၅ နာရီ အချိန်မှာ နိုးလာတော့ အိမ်မှာ မရှိတာကြောင့် အစ်ကိုဖြစ်သူ ဦးအဝိုင်း မေးကြည့်တော့ မရောက်လာဘူးပြောတယ်။ ရွာသားတွေပါ လိုက်လံ ရှာဖွေတော့ ဒီမနက် ၁၀ နာရီ လောက်မှာ သိပ်ပုံချောင်း ပြားကြီးတံတားအောက်မှာ ရေနစ် သေနေတာကို တွေ့ရတယ် “ဟု ၎င်းက ပြောသည်။

သူမ၏ အလောင်းအား မာန်အောင်မြို့နယ် ဆေးရုံသို့ ရင်ခွဲစစ်ဆေးရန် ပို့ဆောင်ထားပြီး သေမူ သေခင်း အမှတ်စဉ်(၆/၂၀၁၈)ဖြင့် အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတာဝန်ရှိ သူက ပြောကြားသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...