ဒေါက်တာအေးမောင်အား စွပ်စွဲထားသည့် နိုင်ငံတော်ပုန်မှုတွင် စစ်တပ်မှ တရားလိုပြသက်သေ လာရောက်စစ်ဆေးခံမည်မဟုတ်ဟုဆို

ဒေါက်တာအေးမောင်အား စွပ်စွဲထားသည့် နိုင်ငံတော်ပုန်မှုတွင် စစ်တပ်မှ တရားလိုပြသက်သေ လာရောက်စစ်ဆေးခံမည်မဟုတ်ဟုဆို
by -
စံမောင်သန်း(စစ်တွေ)

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ အမှု ၃ ခုထဲမှ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ နှင့် နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) အမှု ၂ ခုတွင် တရားလိုပြ သက်သေ ၆ ဦး တင်ပြထားရာ ၎င်းအထဲမှ စစ်ဘက်ဆိုင်ရာ လုံခြုံရေး (စရဖ) မှ တပ်ကြပ်ကြီးသည် စစ်တွေခရိုင်တရားသို့ သက်သေအဖြစ် လာရောက် စစ်ဆေးခံမည် မဟုတ်ဟု သိရသည်။

ဒေါက်တာအေးမောင်၏ ရှေ့နေ ဦးအောင်ကျော်စိန်က “နိုင်ငံတော်ပုန်ကန်မှု နဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) (ဂ) မှာ ဦးခင်မောင်ဦးရယ်၊ ရဲအုပ်သိန်းစိုးထွန်း၊ နောက်တစ်ဦးက ရဲတပ်ကြပ် ယဉ်လှပေါ့။ နောက်ထပ် နှစ်ယောက်ကျန်တယ်။ ပုံမှန်ဆိုရင် သက်သေစာရင်းက ၆ ယောက်ပေးထားတယ်လို့ သိရတယ်။ ၆ ယောက် ပေးထားတာမှာ ဒီစရဖခေါ်တဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးက တပ်ကြပ်ကြီး တစ်ယောက်တော့ ဒီသက်သေ လာမခံဘူးဆိုပြီးတော့ ရုံးကို တင်ပြတယ်လို့ သိရတယ်”ဟု ပြောကြားသည်။

ဒေါက်တာအေးမောင်အား စွဲဆိုထားသည့် အမှု ၃ ခုထဲမှ အမှု ၂ ခုအတွက် သက်သေ ၆ ဦးထည့်ထားရာ ထိုအထဲမှ ရဲအုပ်သိန်းဆွေ ဆုံးသွားသည့်အပြင် စရဖ ဘက်မှ သက်သေ နောက်ဆုတ်သွားသဖြင့် နောက်ထပ်စစ်ဆေးရန် သက်သေတစ်ဦးသာ ကျန်ရှိတော့သည်။

၎င်းကျန်နေသူ ရဲတပ်ကြပ်ကြီး အောင်ကြာထွန်းဖြစ်ပြီး နောက်တစ်ပတ်ရုံးချိန်းတွင် စစ်ဆေး သွားမည်ဟု သိရသည်။

နိုင်ငံတော်ပုံကန်မှုနှင့် ၅၀၅ (ခ) (ဂ) ပြီးလျှင် မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇/၁ တွင် နောက်ထပ် တရားလိုပြ သက်သေ ၁၆ ဦးကျန်ရှိမည်ဖြစ်ပြီး အဆိုပါသက်သေများတွင် အရပ်ဘက်မှ သက်သေများလည်း ပါဝင်သည်ဟု သိရှိရသည်။

၁၇ ကြိမ်မြောက် နောက်တစ်ပတ် ရုံးချိန်မှာ ဇူလိုင်လ ၁၆ ရက်နေ့ ဖြစ်ကြောင်း သိရသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...