နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လားရှိုးမြို့တော်ခန်းမတွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လားရှိုးမြို့တော်ခန်းမတွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
by -
ဆိုင် ဟွမ်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လားရှိုးမြို့တော်ခန်းမတွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လားရှိုးမြို့တော်ခန်းမတွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့် သည် NLD အစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ် (ရှမ်း)သျှမ်းပြည်နယ်သို့ရောက်ကာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံမှုပြုခဲ့ရာ လားရှိုးမြို့သို့လည်းရောက်ရှိခဲ့ကြသည်။

ဇူလိုင်လ ၁၀ ရက်၊ ယနေ့နံနက်ပိုင်းက လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့ဝင်များ၊ပြည်နယ်/ခရိုင်/မြို့နယ်ဆင့်ဌာဌဆိုင်ရာများ နှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံမှုတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သျှမ်းပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှ လွှတ်တော်ရေးရာ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်အတူ သျှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ၊ သျှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ဒု/ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...