ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးမှု အများဆုံးဖြစ်နေဟုဆို

ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးမှု အများဆုံးဖြစ်နေဟုဆို
by -
ယိင်းတိုင်း

မြန်မာနိုင်ငံတွင်၂၀၁၇ – ၁၈ ခုနှစ် အတွင်း မြေမြုပ်မိုင်းကြောင့် ကချင်ပြည်နယ်နှင့် ရှမ်း(သျှမ်း)ပြည်နယ်တွင် သေဆုံးမှုအများဆုံးဖြစ်ပွားခဲ့သည်ဟု သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင်ကပြောသည်။

ဇွန်လ (၂၅) ရက်နေ့က မြန်မာနိုင်ငံဆရာဝန်များအသင်း ရုံးတွင်ကျင်းပပြုလုပ်သော မြေမြှုပ်မိုင်း အန္တရာယ် အသိပညာပေးလုပ်ငန်း ဆွေးနွေးညှိနှိုင်းအခန်းအနားတွင် ၄င်းက ယင်းသို့ပြော ကြားလိုက်ခြင်းဖြစ်သည် ။

မြန်မာနိုင်ငံအတွင်း ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ဧပြီလအထိတွင်မူ မိုင်းကြောင့် ဒဏ်ရာရသူ ၆၀၄ ဦး သေဆုံးသူ ၉၅ ဦး ရှိခဲ့ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူ ၃၇၄၅ ဦးရှိကြောင်းသိရသည်။ အဆိုပါ စာရင်းဇယား များသည် ကြက်ခြေနီအဖွဲ့တွင်ရှိသည့် စာရင်းဇယားသာဖြစ်ပြီး စာရင်းဇယားမရသည့် ထိခိုက်မှုများလည်း ရှိနေကြောင်း ဒေါက်တာအောင်သန်းမောင်က ဆက်လက်ပြောသည် ။

တိုင်းဒေသကြီး နှင့် ပြည်နယ် (၁၄)ခုအနက် ကချင် ၊ကယား ၊ ကရင် ၊ မွန် ၊ချင်း ၊ရခိုင် ၊ သျှမ်းနှင့် တနင်္သာရီ အရှေ့ပဲခူး တိုင်းစသည့် ပြည်နယ်နှင့်တိုင်း (၉) ခုတို့တွင် မြေမြှုပ်မိုင်း ဒဏ်ခံစားနေရပြီး သျှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့တွင် သေဆုံးမှု များပြားကြောင်းသိရသည် ။

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့်သျှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်းရှိ မြို့နယ် ၅ ခုတွင် ကြက်ခြေနီအဖွဲ့ဝင်များကို မိုင်းအန္တရာယ်အကြောင်းသင်တန်းပေးကာ ပြည််သူလူထုအတွင်း အသိပညာပေးခြင်း စာစောင် လက်ကမ်းစာစောင် ပိုစတာများဖြန့်ဝေခြင်း ထောက်ပံ့ခြင်းများပြုလုပ်ရန်စီစဉ်လျှက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အမျိုးသားအဆင့် မိုင်းအန္တရာယ်တားဆီးရေးလုပ်ငန်းအဖွဲ့၊ လူ/ကယ်/ ပြန် ဝန်ကြီးဌာနနှင့်ပူးပေါင်းကာ ၂၀၁၅ ခုနှစ်မှ စတင်ပြီးမိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းကိုစတင်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

မြေမြှုပ် မိုင်းအန္တရာယ်ကြောင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည်သေဆုံးမှု တတိယ အများဆုံး နိုင်ငံဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်ပွားမှုနှုန်းသည်လည်း အရှေ့တောင်အာရှနိုင်ငံတွင် မြန်မာသည် စတုတ္ထအများဆုံးနိုင်ငံဖြစ်ကြောင်းသိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...