မြန်မာနိုင်ငံသည် ကမ္ဘာ့ဘိန်းစိုက်ပျိုးမှုဧရိယာ၏ ၂၀ ရာခိုင်နှုန်းရှိ ရှမ်း-မြောက်ပြည်နယ်အုပ်ချုပ်ရေးမှူးပြော

မြန်မာနိုင်ငံသည် ကမ္ဘာ့ဘိန်းစိုက်ပျိုးမှုဧရိယာ၏ ၂၀ ရာခိုင်နှုန်းရှိ ရှမ်း-မြောက်ပြည်နယ်အုပ်ချုပ်ရေးမှူးပြော
by -
ဆိုင် ဟွမ်
လားရှိုးမြို့ မြို့တော်ခန်းမတွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအခမ်းအနား
လားရှိုးမြို့ မြို့တော်ခန်းမတွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအခမ်းအနား

ယနေ့မြန်မာနိုင်ငံအနေနှင့် ရင်ဆိုင်နေရသည့် မူးယစ်ဆေးဝါးဆိုင်ရာပြသနာအရင်းအမြစ်မှာ ဘိန်းစိုက် ဧရိယာများပြားစွာရှိနေမှု ကြောင့်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအခမ်းအနားတွင် ရှမ်း(သျှမ်း)-မြောက် ပြည်နယ် ဒု အုပ်ချုပ်ရေးမှူး ကပြောသည်။

ဇွန်လ ၂၆ ရက် မနက်၈နာရီမှ ၁၀နာရီအထိ လားရှိုးမြို့ ရှိမြို့တော်ခန်းမတွင်ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအခမ်းအနား အဖွင့်အမှာစကားပြောရာတွင် သျှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်ကထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်သောနိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်နေပြီး ကမ္ဘာ့ဘိန်းထုတ်လုပ်မှုရဲ့ တဝက်လောက်ဟာမြန်မာနိုင်ငံအတွင်းမှာ စိုက်ပျိုးနေတယ်လို့ မှတ်တမ်း များအရ သိရပါတယ်” ဟုပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော် ၏မိန့်ခွန်းပြောကြားချက် အရသိရသည်။

စိုက်ပျိုးမှုကိုကြည့်လျှင် ကမ္ဘာ့ဘိန်းစိုက်ပျိုးမှုဧရိယာ၏ ၂၀ရာခိုင်နှုန်းခန့်ရှိကြောင်းနှင့် ၂၀၁၇ ခုနှစ် က မြန်မာနိုင်ငံဘိန်းစိုက်ပျိုးထုတ်လုပ်မှုစခန်း၏ အချက်အလက်များအရကြည့်လျှင် ဘိန်းစိုက်ပျိုးမှု ဟက်တာပေါင်း ၄၁၀၀၀ ခန့်ရှိကြောင်း ၄င်းကဆက်ပြောသည်။

၂၀၁၅ တိုင်းတာချက်အရ ၂၅ ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်းနှင့် ဘိန်းထုတ်လုပ်မှုမှာလည်း ၂၀၁၇ ခုနှစ်က တန်ချိန် ၅၅၀ ခန့်ရှိပြီး ၂၀၁၅ ထုတ်လုပ်မှု၏ ၁ ၄ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်းသိရှိရသည်။

ဘိန်းစိုက်ပျိုးသည့်ဧရိယာ ကျဆင်းသွားသော်ငြားလည်း တစိတ်တစ်ဒေသအားဖြင့် ပျှမ်းမျှဘိန်း အထွက်နှုန်း ၉ ရာခိုင်နှုန်းက ထုတ်လုပ်မှုအပိုင်းမှာ သိသာစွာကျဆင်းမှုမရှိကြောင်းကိုဖော်ပြနေသည် ဟု ဦးကျော်သူဇော်၏ မိန့်ခွန်းပြောကြားချက်အရသိရသည်။

“ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ ဓာတုပစ္စည်းတွေထုတ်လုပ်တဲ့ အိမ်နီးချင်းနိုင်ငံကြားမှာရှိပြီး ကြီးမားတဲ့နိုင်ငံတကာမူးယစ်ဆေးဝါးစျေးကွက်တစ်ခုဖြစ်တဲ့ အရှေ့နဲ့အရှေ့တောင်အာရှဒေသအတွင်း တည်ရှိနေခြင်းကလည်း မြန်မာ့မူးယစ်ဆေးဝါးပြသနာကို ပိုမိုကြီးမားရှုပ်ထွေး လာစေပါတယ်။ စိတ်ကြွ မူးယစ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်မှုကလည်း သိသာထင်ရှားတဲ့ပြသနာတစ်ရပ်ရှိနေပြီး မြန်မာနိုင်ငံရဲ့ အနောက်နယ်စပ်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်တွေမှာ စိတ်ကြွမူးယစ်ဆေးပြားများ အများအပြားဖမ်းဆီးရရှိခြင်းက တောင်အာရှဒေသစျေးကွက်ရဲ့ အရေးပါမှုအခြေနေဖော်ပြနေ မှုဖြစ်ပါတယ်’’ ဟု ၄င်း၏မိန့်ခွန်းပြောကြားချက်အရသိရသည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အခမ်းအနားတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ NGO အဖွဲ့အစည်းများ ၊တက္ကသိုလ်ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အလှူရှင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်းလူဦးရေ ၃၀၀ ကျော်ခန့်တက်ရောက်ခဲ့သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...