ဘာသာ၊ သာသနာအား စောင့်ရှောက်သည့်ရှမ်းပြည်တပ်မတော် ဖြစ်ဖို့ မြို့နယ်သံဃာတော် စာရေးတိုက်တွန်း

ဘာသာ၊ သာသနာအား စောင့်ရှောက်သည့်ရှမ်းပြည်တပ်မတော် ဖြစ်ဖို့ မြို့နယ်သံဃာတော် စာရေးတိုက်တွန်း

ဒေသအတွင်းလက်နက်ကိုင်ပစ်ခတ်မှု ပြဿနာကြောင့် ကိုရင်ငယ်တပါးဒဏ်ရာရကာ တပ်သားတဦးသေ ဆုံးမှုဖြစ်ပွားသောကြောင့် ရှမ်း(သျှမ်း)ပြည်တပ်မတော် နှစ်ခုလုံးအား အမျိုးဘာသာ သာသနာလက်တွေ့ စောင့်ရှောက်သည့် တပ်မတော်ဖြစ်ဖို့ မိုင်းကိုင်မြို့နယ် သံဃာ့နာယကအဖွဲ့မှ သတိပေးတိုက်တွန်းသည့် စာတစောင်ပေးပို့ခဲ့သည်ဟု သိရသည်။

ဇွန်လ ၁၉ ရက်နေ့က မြို့နယ်သံဃာတော်များက ဒေသတွင်းလှုပ်ရှားနေသော သျှမ်းလက်နက်ကိုင်တပ် ၂ ခုမှု မှ တပ်မှူး နှစ်ဦးသည် ပုဂ္ဂိုလ်ရေး ပြသနာကြောင့် စကားပြောစက်မှ ဆဲဆိုမှု မကြာခဏ ဖြစ်ပွားရာမှ ရေဆင်း ချိုးစဉ် ပစ်ခတ်မှု ဖြစ်ပွားကာ ကိုယ်ရင်လေးတပါး သေနတ်ထိမှန်ဒဏ်ရာရသည့်အပြင် တပ်သားတဦးလည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

၂၀၁၈ ဇွန်လ ၁၅ ရက်ညနေပိုင်းက ဖြစ်ပွားသည့် အဆိုပါ ပစ်ခတ်မှုသည် သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ဟိုခိုင်းအုပ်စုတွင် ဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသည့် ကိုယ်ရင်သည် အသက် ၈ နှစ်အရွယ် ရှင်သုခ ဖြစ်သည်ဟု လည်းဆိုသည်။

မိုင်းကိုင်မြို့နယ် သံဃာ့နာယကအဖွဲ့မှ အလုပ်အမှုဆောင် ဆရာတော်ကြီးတပါး က –" ဘာပြဿနာကြောင့် ဘဲဖြစ်ဖြစ် အချင်းချင်း လက်နက်ထုတ်သုံးတဲ့အဆင့် မဖြစ်စေချင်ဘူး။ အေးအေးချမ်းချမ်း ပြေပြေလည်လည် ဆွေး နွေးစေချင်တယ်။ ရန်သူလားမိတ်ဆွေလား ကွဲကွဲပြားပြားသိစေချင်ပြီး တပ်မတော် နှစ်ခု ပေါင်းစည်းဖို့ အမြန်ဆုံးဆွေးနွေးစေချင်တယ် "– ဟု သျှမ်းသံတော်ဆင့်အား မိန့်မူတော်မူသည်။

အဆိုပါ ဖြစ်ပွားသည့်အမှုသည် ပုဂ္ဂိုလ်ရေးအရ ဖြစ်ပွားသော်လည်း သျှမ်းလက်နက်ကိုင်တပ် နှစ်ခုကွဲပြားနေမှုကြောင့်ဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် သျှမ်းပြည်တပ်မတော် နှစ်ခုလုံး၏ ဂုဏ်သိက္ခာ လည်းထိပါးစေကြောင်း၊ သည့်အတွက် တပ်မတော်နှစ်ခု အမြန်ဆုံးပေါင်းစည်းရန်လိုအပ်ကြောင်း၊ ပေါင်စည်းနိုင်ရန်လည်း လူထုအပါ အဝင် သံဃာတော်များ စုပေါင်းကာ မကြာခဏ စာရေးတိုက်တွန်းကြောင်း လည်း ဒေသအကြီးအကဲ တဦးဖြစ်သည့် ဦးလိုင်းခမ်းက ပြောသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...