မိုင်းကိုင်မြို့နယ် သွားလာမှုခက်ခဲသော ကျေးလက်ကျန်းမာရေးဌာနများကို တိုးချဲ့ပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးပြော

မိုင်းကိုင်မြို့နယ် သွားလာမှုခက်ခဲသော ကျေးလက်ကျန်းမာရေးဌာနများကို တိုးချဲ့ပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးပြော
by -
နန်းဆိုင်နွမ်
မိုင်းကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စိုင်းဆိုင်မိုင်း၏ တင်ပြချက်အား ကျန်းမာရေး နှင့် အားကစား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး ကဖြေကြားနေစဉ်
မိုင်းကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စိုင်းဆိုင်မိုင်း၏ တင်ပြချက်အား ကျန်းမာရေး နှင့် အားကစား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး ကဖြေကြားနေစဉ်

ရှမ်း(သျှမ်း)ပြည်နယ် တောင်ပိုင်း မိုင်းကိုင် မြို့နယ် ဝမ်ဟွေလုံကျေးရွာတွင် မိုးရွာသီ ကာလဖြစ်ပါက ခရီးသွားလာမှု ခက်ခဲသဖြင့် သီးခြား ကျေး လက် ကျန်းမာရေး ဌာန ( RHC) နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ (S/C) များကို ၂၀၁၈- ၁၉ ဘဏ္ဍာရေး နှစ် တွင် လုပ်ထုံးလုပ်နည်း များနှင့် အညီ ဆောင်ရွက်ပေးသွားမည် ဟု သိရသည်။

မိုင်းကိုင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းဆိုင်မိုင်း ၏ မိုင်းကိုင်မြို့နယ် ဝမ်ဟွေလုံကျေးရွာတွင် သီးခြား ကျေးလက်ကျန်းမာရေး ဌာန (RHC) အသစ်တစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (S/C) များအဖြစ် ဝမ်လုံ၊ ယန်းလွိုင်၊ ဝမ်လျန့်နှင့် မတ်လန်း တို့တွင် တိုးချဲ့ဖွဲ့စည်းပေးရန်နှင့် လုတ်ကန်း၊ စုံလောတို့တွင် ကျေး လက်ကျန်းမာရေးဌာနခွဲ (S/C) အသစ် တိုးချဲ့ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မွေးခွန်းကို ဇွန်လ ၁၅ ရက်နေ့တွင် ကျန်းမာရေး နှင့် အားကစား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လာရောက်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေး နှင့် အားကစားပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး က “ မိုင်းကိုင်မြို့သည် လမ်းပန်း ဆက်သွယ်ရေးသွားလာရန်ခက်ခဲပြီး အနီးဆုံးရှိ မိုင်းကိုင် ဆေးရုံမှာ မိုင် ၃၀ ဝေးရာ ပွင့်လင်းရာသီတွင် ၃၊ ၄ နာရီကြာသွားရကြောင်း၊ မိုးရာသီတွင် ဘီးတွင်သံကြိုးပတ်ပြီးသွားရပါကြောင်း” ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ပြောကြားခဲ့သည်။

စုံလောရွာ သည် ပန်ကေတုကျေးလက်ကျန်းမာရေးဌာနအောက်တွင်ရှိပါပြီး လုတ်ကန်းရွာသည် တုံလောကျေးလက် ကျန်းမာရေးဌာနအောက်တွင်ရှိ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဝန်ကြီးကဖြေကြားခဲ့သည်။

မိုင်းကိုင်မြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းဆိုင်မိုင်း က “ လမ်းမကောင်းဘူး။ မြေသားလမ်းတွေပဲ ။တရွာနဲ့တရွာကလည်း အလှမ်းကွာတယ်။ မြေသားလမ်းတွေကတော့ သိတဲ့အတိုင်းပါပဲ။ ခက်ခက်ခဲခဲသွားရ တယ်။ မြေသားလမ်းမှာ ကားဘီးတွေ နစ်တာတွေရှိပါတယ်။ ချိန်းတွေ ပတ်ပြီးတော့ သွားရတယ် ” ဟု ပြောဆို သည်။

ထို့ကြောင့် အဆောက်အဦးဆောက်လုပ်ရန် ပေ ၂၀၀ ပတ်လည်မြေရှိသည့်အတွက် အကောင်အထည်ဖော်ဆောင် ရွက်မည်ဆိုပါက Sub-Center ကျေးလက်ကျန်းမာရေးဌာနလေးခု ရမည်ဖြစ်ပါကြောင်း၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်းလည်း ၀န်ကြီးက ပြောဆိုကြောင်းသိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...