ကချင်လူငယ်ဆန္ဒပြ ဦးဆောင်သူ ၃ ဦးအမှု ဇူလိုင် ၂ ရက်နေ့ ထပ်မံ ရုံးချိန်း

ကချင်လူငယ်ဆန္ဒပြ ဦးဆောင်သူ ၃ ဦးအမှု ဇူလိုင် ၂ ရက်နေ့ ထပ်မံ ရုံးချိန်း

ပိတ်မိ ပြည်သူများ လွတ်မြောက်ရေး ကချင်လူငယ် ဆန္ဒပြ ဦးဆောင်သူ ၃ ဦး ၏အမှုကို ဇူလိုင် ၂ ရက် ထပ်မံ စစ်ဆေးရန် မြို့နယ်တရားရုံးမှ ချိန်းဆိုလိုက်သည်။

စွပ်စွဲခံထားရသော ဆန္ဒပြခေါင်းဆောင် ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူတို့ ၃ ဦး အမှုကို မြို့နယ်တရားရုံးတွင် စစ်ဆေးရာ အမှု နှင့်ပက်သက်၍ သက်သေခိုင်လုံမှု မရှိသဖြင့် ပြည်နယ်တရားလွတ်တော်ရုံးသို ့ လျှောက်တင်ထားကြောင်း သိရသည်။

ဧပြီလ ၃၀ ရက်နေ့မှ စတင်ပြုလုပ်သည့် ပိတ်မိပြည်သူများ လွတ်မြောက်ရေး ကချင်လူငယ်များ ဆန္ဒပြရာ ဦးဆောင်သူ ၃ ဦးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပခမှ ဒုတိယဗိုလ်မှုးကြီး မျိုးမင်းဦးက တရားစွဲဆိုထား ခြင်းဖြစ်သည်။

အမှု စစ်ဆေးခြင်းကို မေလ ၁၆ ရက်နေ့ တွင် ပထမဆုံး အကြိမ် ပြုလုပ်ခဲ့ပြီး ယမန်နေ့ ဇွန်လ ၁၈ နေ့တွင် ၅ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါသည်။

June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...