ပိတ်မိ ပြည်သူများ လွတ်မြောက်ရေး ကချင်လူငယ် ဆန္ဒပြ ဦးဆောင်သူ ၃ ဦး ၏အမှုကို ဇူလိုင် ၂ ရက် ထပ်မံ စစ်ဆေးရန် မြို့နယ်တရားရုံးမှ ချိန်းဆိုလိုက်သည်။
စွပ်စွဲခံထားရသော ဆန္ဒပြခေါင်းဆောင် ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူတို့ ၃ ဦး အမှုကို မြို့နယ်တရားရုံးတွင် စစ်ဆေးရာ အမှု နှင့်ပက်သက်၍ သက်သေခိုင်လုံမှု မရှိသဖြင့် ပြည်နယ်တရားလွတ်တော်ရုံးသို ့ လျှောက်တင်ထားကြောင်း သိရသည်။
ဧပြီလ ၃၀ ရက်နေ့မှ စတင်ပြုလုပ်သည့် ပိတ်မိပြည်သူများ လွတ်မြောက်ရေး ကချင်လူငယ်များ ဆန္ဒပြရာ ဦးဆောင်သူ ၃ ဦးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပခမှ ဒုတိယဗိုလ်မှုးကြီး မျိုးမင်းဦးက တရားစွဲဆိုထား ခြင်းဖြစ်သည်။
အမှု စစ်ဆေးခြင်းကို မေလ ၁၆ ရက်နေ့ တွင် ပထမဆုံး အကြိမ် ပြုလုပ်ခဲ့ပြီး ယမန်နေ့ ဇွန်လ ၁၈ နေ့တွင် ၅ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါသည်။







