Published
Tuesday, June 12, 2018
ကချင်စစ်ပွဲ(၇)နှစ်ပြည့်ဆုတောင်းပွဲကို ဦးဆောင်သော Sara Ying Kyang ကို သတ်မှတ်ထားသော အချိန်ကျော်လွန်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ပြဇာတ်ပြသလို့တရားစွဲ
ကချင်စစ်ပွဲ(၇)နှစ်ပြည့်ဆုတောင်းပွဲကို ဦးဆောင်သော Sara Ying Kyang ကို တရားစွပ်စွဲရာ ငြိမ်းစုစည် ပုဒ်မ(၂၀)အဖြစ် ငွေဒဏ်တစ်သောင်းနှင့် ကြေအေး အဆုံးသတ်ခဲ့ကြောင်းသိရသည်။
အဆိုပါတရားစွတ်စွဲ မူသည် ဇွန်လ(၉)ရက်တွင်ပြုလုပ်သောကချင်ပြည်နယ်ပြည် တွင်းစစ်ပွဲ(၇)နှစ်ပြည့်ဆုတောင်းပွဲအစီအစဉ် ကိုသတ်မှတ်ထားသော အချိန်ကျော်လွန်ခြင်း ၊ ခွင့်ပြုချက်မရှိဘဲ ပြဇာတ်ပြသခြင်း ဟူသောအချက်များဖြင့် ဖြစ် သည်ဟု ဦးဇော်ဂျတ် မှပြောဆိုသည်။
“အမူက ငြိမ်းစုစည် ပုဒ်မ(၂၀)ပေါ့ ၊ ငွေဒဏ်နှင့်ပြီးဆုံးထားပါပြီ ”ဦးဇော်ဂျတ် မှပြောကြားသည်။
အလားတူ ပိတ်မိပြည်သူများလွှတ်မြောက်ရန် ဆန္ဒပြဦးဆောင်သူ သုံးဦးလည်း တရားရုံးတွင် အမှု ရင်ဆို်င်နေရဆဲဖြစ်သည်။







