Published
Thursday, June 07, 2018
အစိုးရတပ် အလစ် ပစ်ခတ်မှုတွင် KIA စစ်သား ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာ ရ
ရှမ်းမြောက် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၁၀) နယ်မြေ ဘန်နွယ်၊ မန်ပင်း ဒေသမှာ KIA စစ်သားများ ထမင်းချက်စားနေစဉ် မြန်မာအစိုးရတပ်၏ ပစ်ခတ်မှုကြောင့် ၂ ဦးသေ၊ ၃ ဦး ထိခိုက်ခဲ့ရကြောင်း သိရသည်။
ဇွန် ၅ ရက်နေ့တွင် KIA တပ်ရင်း (၂) တပ်ဖွဲ့များ Hpak Gum ရွာအနီး လယ်တောမှာ ထမင်းချက်စားနေစဉ် Hpak Gum တောင်မှ ဆင်းလာသော အစိုးရတပ်၏ အလစ် ၀ိုင်းပစ်ခတ်ခြင်း ခံရခြင်း ဖြစ်သည်။
ထိုပစ်ခတ်မူကြောင့် KIA ဘက်မှ ကျဆုံး ရဲဘော် ၂ဦး အလောင်းနှင့်အတူ သေနတ် ၃ လက် (လက်ထောက် ၂ ခု၊ bazooka ၁ ခု) တို့ကို ပစ်ထားခဲ့ရကြောင်း KIA သတင်းရပ်ကွက် က ပြောသည်။
ဒဏ်ရာရ KIA စစ်သားများကို တရုတ်နယ်စပ် ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရပါသည်။







