အစိုးရတပ် အလစ် ပစ်ခတ်မှုတွင် KIA စစ်သား ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာ ရ

အစိုးရတပ် အလစ် ပစ်ခတ်မှုတွင် KIA စစ်သား ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာ ရ

ရှမ်းမြောက် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၁၀) နယ်မြေ ဘန်နွယ်၊ မန်ပင်း ဒေသမှာ KIA စစ်သားများ ထမင်းချက်စားနေစဉ် မြန်မာအစိုးရတပ်၏ ပစ်ခတ်မှုကြောင့် ၂ ဦးသေ၊ ၃ ဦး ထိခိုက်ခဲ့ရကြောင်း သိရသည်။

ဇွန် ၅ ရက်နေ့တွင် KIA တပ်ရင်း (၂) တပ်ဖွဲ့များ Hpak Gum ရွာအနီး လယ်တောမှာ ထမင်းချက်စားနေစဉ် Hpak Gum တောင်မှ ဆင်းလာသော အစိုးရတပ်၏ အလစ် ၀ိုင်းပစ်ခတ်ခြင်း ခံရခြင်း ဖြစ်သည်။ 

ထိုပစ်ခတ်မူကြောင့် KIA ဘက်မှ ကျဆုံး ရဲဘော် ၂ဦး အလောင်းနှင့်အတူ သေနတ် ၃ လက် (လက်ထောက် ၂ ခု၊ bazooka ၁ ခု) တို့ကို ပစ်ထားခဲ့ရကြောင်း KIA သတင်းရပ်ကွက် က ပြောသည်။ 

ဒဏ်ရာရ KIA စစ်သားများကို တရုတ်နယ်စပ် ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရပါသည်။

June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...