အုပ်ချုပ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ချက် အစီရင်ခံစာ ထုတ်ပြန်

အုပ်ချုပ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ချက် အစီရင်ခံစာ ထုတ်ပြန်
by -
ယိင်းတိုင်း
အုပ်ချုပ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ချက် အစီရင်ခံစာ ရှင်းလင်းတင်ပြခြင်း အခန်းအနား
အုပ်ချုပ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ချက် အစီရင်ခံစာ ရှင်းလင်းတင်ပြခြင်း အခန်းအနား

အခြေခံအဆင့် အုပ်ချုပ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၊ အခန်း(၅) ၊ပုဒ်မ ၂၈၈ နှင့် ၂၈၉ တို့အား ပြင်ဆင်နိုင်ရန်လေ့လာသုံးသပ်ချက် အစီရင်ခံစာ ရှင်းလင်းတင် ပြခြင်းနှင့်ဖြန့်ဝေခြင်းကို ဒီမို ကရေ စီဖွံ့ ဖြိုးတိုးတက် ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ(ACDD)ကတောင်ကြီးမြို့ တွင်ပြုလုပ်ခဲ့သည်။

“ရည်ရွယ်ချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၈ ၊ ၂၈၉ ရဲ့ ကျမတို့ နေစဉ်ဘဝကိုသက် ရောက် နေတဲ့အကြောင်းအရာတွေလူထုကိုသိစေချင်တာရယ် ၊ အုပ်ချုပ်ရေးအပိုင်းမှာ ရှိနေတဲ့ ပွတ်တိုက်မှုတွေ ပဋိပက္ခတွေ ဒါတွေကိုလည်း ကျမတို့ဒီအစီရင်ခံစာမှာထည့် သွင်းဖော်ပြထားတယ် ။ ဘယ်လိုနည်းနဲ့ပြင်ဆင်ရ မလဲဆိုတဲ့ အကြံပြုချက်ကို ထုတ်ပြန်တယ်ပေါ့နော် အဲ့ဒီပေါ်မှာအခြေခံပြီးကျင်းပရခြင်းဖြစ်တယ် ” ဟု (ACDD) မှ စည်းရုံးလှုံ့ ဆော်ရေးမှူး မသဥ္ဇာရွန်းလဲ့ရည် ကပြောသည် ။

အဆိုပါလေ့လာသုံးသပ်ချက် အစီရင်ခံစာရှင်းလင်းတင်ပြခြင်း အခန်းအနား ကိုမေလ (၃၁) ရက်နေ့က တောင်ကြီးမြို့ ၊ မင်းကံကောင်းစားသောက်ဆိုင်တွင်ကျင်းပခဲ့ခြင်းဖြစ်သည် ။

(ACDD) အနေဖြင့် အဆိုပါလေ့လာသုံးသပ်ချက်အစီရင်ခံစာကိုအချိန် (၆) လယူ၍ တိုင်းနှင့် ပြည်နယ်၊ မြို့နယ် ပေါင်း ရ၀ ကျော်မှ ပြည်သူလူထုများ အားသွားရောက်မေးမြန်းထားသည့် အစီရင်ခံစာ ကိုပြန်လည်တင် ပြခြင်း ဖြစ်သည်ဟုသိရှိရပါသည် ။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...