မိုင်းကိုင်မြို့နယ်အတွင်း RCSS နှင့်အစိုးရတပ်တို့တိုက်ပွဲဖြစ်ပွါး

မိုင်းကိုင်မြို့နယ်အတွင်း RCSS နှင့်အစိုးရတပ်တို့တိုက်ပွဲဖြစ်ပွါး

(ရှမ်း)သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော် နှင့်အစိုးရတပ်မတော်တို့ကြားတိုက်ပွဲဖြစ်ပွါးရာ အစိုးရတပ်၏ ကျည်ဆံနှင့်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်းသိရသည်။

မေလ ၂၂ ရက်နေ့တွင် မိုင်းကိုင်မြို့နယ် မိုင်းခွန်ရွာအနီး အစိုးရတပ်နှင့် RCSS/SSA တို့ကြား မိနစ် ၂၀ အကြာတိုက်ပွဲ  ဖြစ်ပွါးခဲ့ရာ အစိုးရတပ်၏ ကျည်ကပ်၊ ရေဘူးနှင့်စစ်အသုံး အဆောင်ပစ္စည်းများ ကို RCSS/SSA မှသိမ်းဆည်းရမိကြောင်း တိုက်ပွဲဖြစ်ပွါးသည့်ဒေသအတွင်းရှိ ၂ ဖက်တပ်များနှင့် နီးစပ်သည့်ဒေသခံများထံမှ သိရသည်။

“ခမ်းဖိတ်ရွာဘက်မှာတိုက်ပွဲဖြစ်တယ်ကြားတယ်။ မိနစ် ၂၀ လောက်ဘဲကြာတယ်။ ညနေ ၃ နာရီ ၂၀ မိနစ်ကနေ ၃ နာရီ ၄၀ မိနစ်အထိ။ ရွာသားတွေတော့ ထိတ်လှန့်ရုံကလွဲလို့ ထိခိုက်တာတော့မရှိဘူး။ အစိုးရစစ်ကြောင်းတွေတက်သွားတာတော့ရှိတယ်”- ဟု အဆိုပါဒေသခံများက ပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်တာဝန်ရှိသူများအားမေးမြန်းရန် ဖုန်းဆက် သွယ်သော်လည်း ဆက်သွယ်မရခဲ့ပေ။

မိုင်းကိုင် ဒေသခံ ကျားခေါင်းပါတီဝင်တဦးကမူ- “မိုင်းခွန်အုပ်စုက မိုင်းကိုင်မြို့အရှေ့ဘက် နမ့်တိန်းချောင်း အရှေ့ဘက် ကမ်းမှာရှိတယ်။ မိုင်းကိုင်နဲ့ မိုင် ၃၀ ကျော်ဝေးတယ်။ ကျေးသီးနယ်စပ်လို့လည်းပြောနိုင်ပါတယ်။”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါဒေသသည် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အခြေစိုက်ရာ ကျေးသီးမြို့၏နယ်စပ်လည်းဖြစ်သဖြင့် ၂ ဖက်တပ်များ ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်မှုဖြစ်မည်ကိုလည်း စိုးရိမ်ကြကြောင်း ဒေသခံများက ပြောဆိုပါ သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...