ပြည်နယ်အတွင်း ကုန်စည်ဒိုင် မရှိသေး၍ ဒေသထွက်သီးနှံများ စိတ်ကြိုက်ရောင်းချရန် အခက်တွေ့

ပြည်နယ်အတွင်း ကုန်စည်ဒိုင် မရှိသေး၍ ဒေသထွက်သီးနှံများ စိတ်ကြိုက်ရောင်းချရန် အခက်တွေ့
by -
စိုးရယ်
ရာသီချိန်ထွက် သီးနှံများကို ဝယ်ယူသူများက အချိန်ကာတစ်ခုအတွင်းသာ ဝယ်ယူကြသည်။ (ဓါတ်ပုံ-စိုင်းလင်းလင်းဦး)
ရာသီချိန်ထွက် သီးနှံများကို ဝယ်ယူသူများက အချိန်ကာတစ်ခုအတွင်းသာ ဝယ်ယူကြသည်။ (ဓါတ်ပုံ-စိုင်းလင်းလင်းဦး)

ကယား(ကရင်နီ)ပြည်နယ်အတွင်း သီးနှံဝယ်ယူ၊ ရောင်းချရာ ကုန်စည်ဒိုင်(ပွဲရုံ)များ အတည်တကျ မရှိသေးသဖြင့် ရာသီထွက် သီးနှံများ ရောင်းချရာတွင် အခက်ခဲဖြစ်နေသည်။

သီးနှံများ အချိန်မရွေး ရောင်းချနိုင်မည့် ကုန်စည်ဒိုင်များကို ကယားပြည်နယ်တွင်း တည်ထောင်ရန် တောင်သူများက ဆန္ဒရှိနေသည်။

ပြောင်း၊ စပါး၊ နှမ်း၊ မြေပဲ ကဲ့သို့သော ရာသီအလိုက် ဒေသထွက် စိုက်ပျိုးသီးနှံများ ရောင်းချရ လွယ်ကူရေး ကုန်စည်ဒိုင်က များစွာအထောက်အကူဖြစ်စေနိုင်သည်ဟု  ငံရိုးကျေးရွာနေ တောင်သူ ခွန်းပရောင်စူက ပြောသည်။

“ကုန်စည်ဒိုင်မရှိတော့ ကျွန်တော်တို့ ရောင်းဖို့လိုအပ်နေတဲ့အချိန်မှာ စျေးကျကျ မကျကျ ကျွန်တော်တို့ ရောင်းရတယ် တခါတလေ ဝယ်မယ့်သူတောင် မရှိဘူး”ဟု ခွန်းပရောင်စူက ပြောသည်။

သိုလှောင်ထားသော သီးနှံ၏ ကာလပေါက်ဈေးကို ကြိုက်နှစ်သက်ပါက ကုန်စည်ဒိုင်ထံ အချိန်မရွေး ထုတ်ရောင်းနိုင်သည့် အားသာချက်များလည်း ရှိလာမည်ဟု ၎င်းက ဆိုသည်။

ကယားပြည််နယ်တွင် ကုန်စည်ဒိုင်ရှိရန် ပြည်နယ်စိုက်ပျိုးရေးမန်နေဂျာက စိုက်ပျိုးရေးဝန်ကြီးကို ယခင်နှစ်ကတည်းက တင်ပြထားသော်လည်း အကောင်အထည်မပေါ်လာသေးကြောင်း ဒီးမော့ဆိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးရေးမှူး ဦးခင်မောင်ဦးက ပြောသည်။

“ကယားပြည်နယ်မှာ ကုန်စည်ဒိုင်ရှိကိုရှိသင့်တယ်။ သို့ပေမယ့်လည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လို့ရမယ့်ကိစ္စဖြစ်လို့ သီးနှံစျေးကွက် အခိုင်အမာရဖို့ ကုန်စည်ဒို်င်နဲ့ တိုက်ရို်က်ရောင်းလို့ရမှာဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

စိုက်ပျိုးရေးဦးစီးဌာနကမူ တောင်သူများ၏ စိုက်ပျိုးရေးစနစ်ကို ယခုထက် ပိုမိုကောင်းမွန်အောင် နည်းပညာများ ပေးနိုင်အောင် ကျိုးပမ်းနေသည်ဟု ဆိုသည်။

“စိုက်ပျိုးတောင်သူတွေအတွက် စိုက်ပျိုးရေးပညာရှင်တွေနဲ့လာပြီး နည်းပညာပိုင်းဆိုင်ရာ စိုက်ပျိုးရေးနည်းစနစ်များကို သင်တန်းပို့ချပေးသွားမယ်။”ဟု ဒီးမော့ဆိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးရေးမှူး ဦးခင်မောင်ဦးက ပြောသည်။

တောင်သူလိုအပ်သော မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကာ  မျိုးစေ့နှင့် မြေရွေးချယ်စိုက်ပျိုးခြင်းဆိုင်ရာ နည်းပညာများကိုလည်း သင်တန်းပို့ချပေးသွားမည်ဟု ဆိုသည်။



 

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...