မြန်မာအစိုးရတပ် နှင့် KIA မူဆယ်မြို့နယ် တိုက်ပွဲကြောင့် ဒေသခံများ တိမ်းရှောင်

မြန်မာအစိုးရတပ် နှင့် KIA မူဆယ်မြို့နယ် တိုက်ပွဲကြောင့် ဒေသခံများ တိမ်းရှောင်

ရှမ်းမြောက် မူဆယ်မြို့နယ် တီးမားကျေးရွာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၉) ဘက်ကို မြန်မာအစိုးရတပ် က မေလ (၉) ရက်နေ့ ထိုးစစ်ဆင်တိုက်ခိုက်လာ သဖြင့် အဆိုပါ ဒေသခံအချို့သည် ယခုချိန် မူဆယ်မြို့ နှင့် နီးစပ်ရာ ကျေးရွာများကို ထွက်ပြေး နေကြရကြောင်း သိရပါသည်။

မေလ (၉) ရက်နေ့့ ညနေ (၄)နာရီ ခန့်တွင် ၂ ဖက်တပ် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်များ ရွာအတွင်းကို ကျရောက် ပေါက်ကွဲမှု ရှိကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

“အဝေးကဘဲ ကြည့်တော့ ညနေ ၄ နာရီ လောက်ကစပြီး တိုက်ပွဲ ဖြစ်နေကြပြီ။ ရွာအတွင်းလည်း ဗုံး ကျလာတယ် လူတော့ မထိပါဘူး” ဟု ပြောသည်။

မေလ (၁၀) ရက်နေ့ မနက် နှစ်ဖက်တပ် ပစ်ခတ်မှု မရှိသော်လည်း တပ်မတော်ဘက်မှ စစ်အင်အား တိုးချဲ့မှု ရှိလာသည့်အတွက် စိုးရိမ်မိကြောင်း ဒေသခံများ ပြောပါသည်။

တီးမားရွာမှ ပြည်သူများသည် ဘုရားကျောင်းဝင်း အတွင်း စုဝေးနေကြရ ပြီး တချို့သည် မူဆယ်မြို့နှင့် အခြား နီးစပ်ရာများကို ထွက်ပြေး တိမ်းရှောင်နေကြပြီဖြစ်ပါသည်။

တပ်မတော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခံနေရသည့် KIA ဘက်မှ ရှမ်းမြောက် အခြေစိုက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကလည်း ဝန်းရံသွားမည်ဟု မေလ ၈ ရက်နေ့ ထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။

June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...