(၁၉) ကြိမ်မြောက် PPST အစည်းအဝေးကို မေလ (၉) ရက်နှင့် (၁၀) ရက်နေ့များတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ကျင်းပမည်

(၁၉) ကြိမ်မြောက် PPST အစည်းအဝေးကို မေလ (၉) ရက်နှင့် (၁၀) ရက်နေ့များတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ကျင်းပမည်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခို်က်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆို ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(NCA-S EAO)များ၏ (၁၉) ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့အစည်းအဝေး (19th PPST Meeting) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် မေလ (၉) ရက်မှ (၁၀) ရက်နေ့အထိ (၂) ရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ PPST အစည်းအဝေးမှာ အဓိကအားဖြင့် အချက် (၃) ချက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း NCA-S EAO UPDJC လုံခြုံရေး ကဏ္ဍ၏ ညှိနှိုင်းရေးမှူးနှင့် NCA-S EAO ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အလုပ် အဖွဲ့(PPWT)အဖွဲ့ဝင်ဖြစ်သည့် ရဲဘော်(ဦး)မျိုးဝင်းက အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“လာမဲ့ PPST အစည်းအဝေးမှာ ဆွေးနွေးရမဲ့ အဓိက အချက် (၃) ချက်ရှိတယ်ပေါ့။ ပထမတစ်ချက်ကတော့ လက်ရှိ တတိယအကြိမ်ပင်လုံ ညီလာခံကို ဘယ်အခြေခံလောက်မှာ ဘယ်ရက်လောက်မှာ ကျင်းပနိုင် မလဲ ဆိုတဲ့အစီအစဉ်လည်းပဲ ဆွေးနွေးရမယ်။ ပြီးတော့ (ဒုတိယတစ်ချက် အနေနဲ့) အခုအလွတ်သဘောဆွေးနွေးထားတဲ့ အကြောင်းအရာ (၂) ခုရှိတော့ နိုင်ငံရေးကဏ္ဍအလွတ်သဘောဆွေးနွေးပွဲ၊ ပြီးတော့ လုံခြုံရေး ကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲ ဒီဆွေးနွေးပွဲတွေကနေရရှိလာတဲ့ အချက်တွေကို သက်ဆိုင်ရာလုပ်ငန်းကော်မတီတွေနဲ့ PPST ကို တင်ပြရ မှာပေါ့။ PPSTကို တင်ပြပြီး အဲဒီတင်ပြထားမှုအပေါ်မှာ PPST က မူပိုင်း ဆိုင်ရာကိစ္စတွေကို ဆုံးဖြတ်ချက်ချမှတ်ပေးရတယ်။ အဲဒါ လာမဲ့ PPST အစည်းအဝေးမှာ ဆွေးနွေးရမဲ့ အဓိက Issue တွေပေါ့။ ပြီးရင် (တတိယ အချက်) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေရဲ့ Joint လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုပေါ့။ National Dialogue နဲ့ Public Consultation တွေ နဲ့ ပတ်သက်ပြီး ပြန််လည်သုံးသပ်မှုတွေပေါ့။ အဓိက အဲဒီ အချက်တွေကို ဆွေးနွေးသွားဖို့ရှိပါတယ်။” 

လက်ရှိအချိန်အထိ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့မှာ  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ််မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုး သားအစည်းအရုံး- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်သည်။ 

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...