၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဟုရွေးကောက်ပွဲကော်မရှင်ကြေငြာ

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဟုရွေးကောက်ပွဲကော်မရှင်ကြေငြာ

မြန်မာနိုင်ငံနှင့်တဝှမ်း လစ်လပ်နေသောလွှတ်တော်ကိုယ်စားလှယ်နေရာ ၁၃ နေရာအား ပြန်လှယ်ရွေးကောက်တင်မြှောက်ဖြည့်ဆီးနိုင်ရေးကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်စီစဉ်နေကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေငြာလိုက်သည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်အတွက် မဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ဧပြီလ ၁၉ ရက်နေ့ကစပြီး ၅ ပတ်အတွင်းအပြီးကောက်ခံသွားရမည်ဖြစ်ကြောင်းလည်းကြေငြာထားသည်ဟုဆိုပါသည်။

မြန်မာနိုင်ငံအဝှမ်းလစ်လပ်နေသော ကိုယ်စားလှယ်နေရာ ၁၃ နေရာအနက် သျှမ်းပြည်နယ်တွင် ၁ နေရာပါ၀င်ပါသည်။

လဲချားမြို့နယ် ကျားခေါင်းပါတီ၏ ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်ဇေယျက – "ကျနော်တို့လဲချားမြို့မှာလစ်လပ်နေတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမွန်းနေရာမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကျနော်တို့ ဘာမှမစီစဉ်ရသေးပါဘူး။ ဗဟိုနဲ့သွားပြီးဆွေးနွေးရပါမယ်။ ဘယ်လိုလုပ်သင့်သလဲဆိုတာ။ခုလောလောဆယ်တော့ တခြားပါတီလည်း ၀င်ပြိုင်ဖို့ဘာဖို့ ဘာမှလည်းမသိရသေးပါဘူး။အရင်တွေတုန်းကအတိုင်းဘဲဖြစ်မယ်ထင်ပါတယ်။ ကျားဖြူပါတီ ကျားခေါင်းပါတီ NLD နဲ့ ကြံ့ဖွံ့ ပေါ့ "– ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

လစ်လပ်နေသော ၁၃ နေရာမှာ ရန်ကုန်တိုင်း၊ ချင်းပြည်နယ်၊ သျှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ် စသည်တို့ဖြစ်ကြောင်းသိရသည်။

၂၀၁၇ ခုနှစ်က လည်း ကြားဖြတ်ရွေးကောက်ပွဲတကြိမ်ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ထိုစဉ်က မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းအသီးသီးမှလစ်လပ်မဲဆန္ဒနေရာ ၁၉ ခုရှိရာ ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၄၂ ခု ၊ တသီးပုဂ္ဂလ ရ ဦးမှ စုစုပေါင်းဝင်ရောက်ယှဉ်ပြိုင်သည့်ကိုယ်စားလှယ် ၈၈ ဦးရှိပါသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...