SSPP/SSA ခေါင်းဆောင်များအား ဦးသိန်းဇော် ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့သွားရောက်ဆွေးနွေး

SSPP/SSA ခေါင်းဆောင်များအား ဦးသိန်းဇော် ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့သွားရောက်ဆွေးနွေး

ငြိမ်းချမ်းရေးကော်မရှင် ဒုတိယ ဥက္ကဌ ဦးသိန်းဇော် နှင့် ဒုတိယ ဗိုလ်ချုပ်ြကီး ခင်ဇော်ဦး(ငြိမ်း) ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ ဝမ့်ဟိုင်းဌာနချုပ်သို့ရောက်ရှိကာ SSPP/SSA ခေါင်းဆောင်များနှင့်တွေ့ဆုံကြောင်းကြားသိရသည်။

မေလ ၁ ရက်နေ့မနက်ပိုင်း ဦးသိန်းဇော်နှင့်အဖွဲ့အား သျှမ်းပြည်တပ်မတော် SSPP/SSA ဒုတိယ ဉက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခေးတိုင်း၊ နာယက ဗိုလ်ချုပ်ြကီးဆေထဲန် တို့ မှ မိုင်းရယ်မြို့နယ်အစပ် နမ့်လောင်း တံတားတွင်လာ ရောက်ကြိုဆိုကြောင်း၊ မွန်းတည့်ချိန် SSPP/SSA ဌာနချုပ် သို့ရောက်ရှိကာ အစည်းအဝေး ခန်းမ၌ စတင် ဆွေးနွေးကြောင်း ဌာနချုပ်အရာရှိတဦးက ဤကဲ့သို့ပြောသည်။

“ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက အကျိုးတော်ဆောင်လုပ်ပေးတာလေ။ ဒီနေ့ နဲ့ မနက်ဖြန် ဆွေးနွေးကြမယ်။ ငြိမ်းချမ်းရေးအကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းတွေပေါ့ ။ အသေးစိတ်တော့ သိရသေးဘူး” – ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

ငြိမ်းချမ်းရေးဖြစ်မြောက်အောင်မြင်စေရေးတွက် အကျိုးတော်ဆောင်လုပ်ပေးရခြင်းဖြစ်သည်ဟု ဝမ့်ဟိုင်းသို့မသွားခင် ဦးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်သို့ပြောဖူးသည်။

အကျိုးတော်ဆောင်အဖွဲ့ဖြစ်သည့် ဦးစိုင်းအိုက်ပေါင်းနှင့်အတူ ကျားဖြူပါတီ ဒုဥက္ကဌ (၁) ဦးစိုင်းဆောင်ဆီ ၊ ဒုဥက္ကဌ (၂) ဦးစိုင်းလှကျော် တို့ ပါဝင်သည်ဟုသိရသည်။

ရှမ်း(သျှမ်း)ပြည်တိုးတက်ရေးပါတီ SSPP/SSA သည် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ အဖွဲ့ဝင်ဖြစ်သည်။ တဘက်တွင်လည်း ၀ တပ်ဖွဲ့ UWSA ဦးဆောင်သည့် FPNCC မြောက်ပိုင်းမဟာ အဖွဲ့တွင်လည်း ပါဝင်သည်။ အဆိုပါ အဖွဲ့သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ် NCA လမ်းကြောင်း ကို လက်မခံဘဲ ပါဝင်သင့်ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့် နိုင်ငံရေးစကားဝိုင်းသို့ တိုက်ရိုက်သွားလိုသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...