မိုင်းရှူးမြို့နယ် SNLD ပါတီ မြို့နယ်ဥက္ကဌကွယ်လွန်

မိုင်းရှူးမြို့နယ် SNLD ပါတီ မြို့နယ်ဥက္ကဌကွယ်လွန်

ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဌ စိုင်းစွမ်လိတ် အသက် ၄၈ နှစ်သည်အသည်းကင်ဆာရောဂါဖြင့် ဧပြီ ၂၂ ရက်နေ့တွင် ကွယ်လွန်သွားပြီး ဧပြီလ ၂၅ ရက်နေ့ မိုင်းရှူးမြို့ တွင်သဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။

“ဧပြီလ ၂၅ ရက်နေ့မှာသဂြိုဟ်မှာဖြစ်ပါတယ်။ ကျမတို့ မိုင်းရှူးမြို့နယ်က SNLD ပါတီအတွက် ဆုံးရှုံးမှုကြီး တခုဖြစ်ပါတယ်။ ကျမတို့ဥက္ကဌက အဘက်ဘက်မှာ တက်ကြွစွာပါ၀င်ကူညီတယ်။ လှုပ်ရှားတယ်။ ပါတီဝင်တွေ အပေါ် ဂရုစိုက်တယ်။ သူက လူချစ်လူခင်များတယ်။ အကြွေစောတဲ့အတွက် ကျမကိုယ်တိုင်ရော ပါတီဝင်တွေအားလုံးကပါ ၀မ်းနည်းကြေကွဲရပါတယ်။ နှမြောမိပါတယ်။” – ဟု မိုင်းရှူးမြို့နယ် SNLD ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နန်းကောင်ခမ်းကပြောသည်။

စိုင်းစွမ်လိတ်သည် မိုင်းရှူးမြို့နယ် ကျားခေါင်းပါတီ အလုပ်အမှုဆောင်ဖွဲ့စည်းတည်ထောင်စဉ်ကတည်းက မြို့နယ်ဥက္ကဌအဖြစ်ပါ၀င်ဆောင်ရွက်လာခဲ့သည်။

ထိုမတိုင်ခင်ကလည်း မြို့နယ်စာပေယဉ်ကျေးမှုအဖွဲ့အတွင်းပါ၀င်လှုပ်ရှားသကဲ့သို့ ရပ်ရေးရွာရေး လူမှုအသင်းအဖွဲ့များတွင်လည်း အစဉ်ပါ၀င်လှုပ်ရှားလာခဲ့သည်။

စိုင်းစွမ်လိတ်သည် မိုင်းရှူးမြို့ ရပ်ကွက် ၂ ရှိ (လုံးဆိုင်မိန်း ) နှင့်ပါနန်းယုံ တို့၏သားဖြစ်သည်။ မိုင်းရှူးမြို့ရပ်ကွက် ၂ ရပ်မိရဖ စဝ်လုံးခွန်မန် ၏ သားမက်ဖြစ်ပါသည်။ လက်ရှိတွင် ဇနီး နန်းခေးဇမ် နှင့် အသက် ၁၆ နှစ်အရွယ် သားစိုင်းနော်ခေးလီ တို့ကျန်ရစ်ပါသည်။

မိုင်းရှူးမြို့ SNLD ပါတီ မြို့နယ်ဥက္ကဌ သစ်ပြန်လည်ရွေးချယ်ရန်အချိန်ပေးရမည်ဖြစ်ကြောင်းလည်း နန်းကောင်ခမ်းကပြောသည်။

စိုင်းစွမ်လိတ်ကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြေကွဲကြောင်းလည်း SNLD ပါတီဗဟိုရုံးချုပ်မှ ဥက္ကဌကြီးခွန်ထွန်းဦးကလည်း သဝဏ်လွှာပေးပို့ခဲ့သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...