ရှမ်းလူငယ်ကွန်ယက်အဖွဲ့ဝင်လူငယ် ၂၀၀ ကျော် ရပ်စောက်မြို့တွင်းသန့်ရှင်းရေးပြုလုပ်

ရှမ်းလူငယ်ကွန်ယက်အဖွဲ့ဝင်လူငယ် ၂၀၀ ကျော် ရပ်စောက်မြို့တွင်းသန့်ရှင်းရေးပြုလုပ်
ရှမ်းလူငယ်ကွန်ယက် TYN မှ အင်အား ၂၀၀ ကျော် ရပ်စောက်မြို့တွင် အမှိုက်ကောက်သိမ်း သန့်ရှင်းရေးပြုလုပ်
ရှမ်းလူငယ်ကွန်ယက် TYN မှ အင်အား ၂၀၀ ကျော် ရပ်စောက်မြို့တွင် အမှိုက်ကောက်သိမ်း သန့်ရှင်းရေးပြုလုပ်

သျှမ်း(ရှမ်း)လူငယ်ကွန်ယက် TYN မှ အင်အား ၂၀၀ ကျော်သည် သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့တွင် အမှိုက်ကောက်သိမ်း သန့်ရှင်းရေးပြုလုပ်ကြောင်းသိရသည်။

မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းက ရပ်စောက်မြို့နယ် ၊ တောင်ကြီး၊ ကျောက်မဲ၊ သီပေါနှင့်နမ့်လန်တို့မှ သျှမ်းလူငယ်ကွန်ယက်မှ လူငယ်အင်အား ၂၀၀ ကျော်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတခုအဖြစ် ရပ်စောက်မြို့နယ် ၀မ့်စလိုင်းရွာအတွင်း အမှိုက်ကောက်သိမ်း သန့်ရှင်းရေးပြုလုပ် ခဲ့ကြောင်းသိရသည်။

သျှမ်းလူငယ်ကွန်ယက်မှ အမှုဆောင်တဦးဖြစ်သူ နန်းမိုသီတာက –" သျှမ်းလူငယ်တွေ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးတတ်စေဖို့၊ လူမှုအသိုင်းအဝိုင်းမှာ စည်းနဲ့ဘောင်နဲ့နေတတ်ဖို့ရည်ရွယ်ပါတယ်။ တဖက်ကလည်းကျမတို့မြို့နဲ့ သူများမြို့ယှဉ်ကြည့်ပြီးတော့ သူများမြို့လောက် မသန့်ရှင်း မတိုးတက်ပေမယ့် အမှိုက်ပုံကြီးထဲမှာနေရတာမျိုးတော့မဖြစ်စေချင်ဘူး။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လူငယ်တိုင်းမှာ တာဝန်ရှိတယ်ဆိုတာကိုလည်းမမေ့စေချင်ဘူး။ " ဟု တိုက်တွန်းပြောဆိုသည်။

သျှမ်းလူငယ်ကွန်ယက် TYN သည် ရပ်စောက်မြို့နယ်အတွင်း သစ်ပင်စိုက်ပျိုးရေးလှုပ်ရှား မှုပြုလုပ်ရန် စီစဉ်နေသည်ဟုလည်းသိရသည်။

သျှမ်းလူငယ်ကွန်ယက် TYN သည် ၂၀၁၃ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းလာခဲ့သည်။

သျှမ်းလူငယ်များသဘာဝပတ်ဝန်းကျင်မြတ်နိုးတတ်စေရန်၊ မူးယစ်ဆေးဝါးနှင့်ကင်းဝေးစေရန် ရည်ရွယ်ပြီး သျှမ်းပြည်အနှံ့ လူငယ်များစုပေါင်းကာ သျှမ်းပြည်တွင်းရှိ အထင်ကရတောင်ပေါ်သို့ နှစ်စဉ်တောင်တက်ခြင်းလှုပ်ရှားမှုပြုလုပ်လျှက်ရှိပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...