မူးယစ်ဆေးဝါးပတ်သက်ဆက်နွယ်သူများအား လားရှိုးကျေးလက်လူငယ်များစုပေါင်းဖမ်းဆီး

မူးယစ်ဆေးဝါးပတ်သက်ဆက်နွယ်သူများအား လားရှိုးကျေးလက်လူငယ်များစုပေါင်းဖမ်းဆီး
ယာဘများလက်ဝယ်ဖမ်းဆီးရမိသည့် မိုင်းရယ်ဒေသခံ စိုင်းဆန်လ
ယာဘများလက်ဝယ်ဖမ်းဆီးရမိသည့် မိုင်းရယ်ဒေသခံ စိုင်းဆန်လ

ရှမ်း(သျှမ်း)ပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်အုပ်စုတွင် ဒေသတွင်းလူငယ်ထုနှင့် အုပ်စုအုပ်ချုပ်ရေးမှူးများ ရပ်မိရပ်ဖများပူးပေါင်းကာ ကိုယ်ထူကိုယ်ထမူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုတခုပြုခဲ့ကြောင်းသိရသည်။

မတ်လ ၆ ရက်နေ့ ည ၉ နာရီက နမ့်ပေါင်ဒေသခံလူငယ်များနှင့်ရပ်မိရပ်ဖများစုပေါင်းကာ မူးယစ်ဆေးဝါးနှင့်ပတ်သက်ဆက်နွယ်သည်ဟု သင်္ကာမကင်းရှိသူများအား စောင့်ကြပ်စစ်ဆေးကာ မိုင်းရယ်မြို့မှ စိုင်းဆန်လ ဆိုသူထံမှ ယာဘ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီး ၄င်းနှင့်ဆက်နွယ်နေသူ နမ့်ပေါင်ရွာသား ဦးလုံးမောင်အေးကိုပါ မူးယစ်ဆေးဝါးများနှင့်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

“ဒေသတွင်းလူထုရဲ့သတင်းပေးမှုက အရမ်းအရေးကြီးပါတယ်။ မိုင်းရယ်သား စိုင်းဆန်လ က နမ့်ပေါင်ရွာသား ဦးလုံးမောင်အေးနဲ့ အမျိုးတော်တယ်။ မကြာခဏဝင်ထွက်သွားလာတယ်။ မူးယစ်ဆေးတွေယူလာဖြန့်တယ်လို့ သတင်းတွေရထားလို့ စောင့်စစ်ရာကနေ မိသွားတာပါ။ အခု သူတို့ ၂ ယောက်ကို ပြည်သူ့ရဲလက် အပ်လိုက်ပါပြီ ” ဟု နမ့်ပေါင်ရွာမှ လူငယ်ခေါင်းဆောင်စိုင်းဆန်လူက သျှမ်းသံတော်ဆင့်အားပြောသည်။

လက်ရှိတွင် ၄င်းတို့ ၂ ဦးအား လားရှိးရဲစခန်းသို့ပို့ဆောင်ချုပ်နှောင်ထားသည်ဟုသိရသည်။

“ကျနော်တို့ဒေသမှာ ယာဘ ကတအားများနေပါပြီ။ ဒီဒေသမှာယာဘလုပ်တဲ့စက်မရှိသေးတာတောင်မှ အဲလောက်များနေပါပြီ။တကယ်လို့လူငယ်တွေ ဒီကိစ္စကိုအရေးတယူတိုက်ဖျက်တာမရှိရင်တော့ အနာဂတ်လူငယ်အရေး လုံးဝ မတွေးရဲတော့ပါဘူး” ဟု ကိုယ့်အားကိုယ်ကိုးမူးယစ်တိုက်ဖျက်ရေး များပြုလုပ်နေသည့် လူငယ်များအဖွဲ့က စိုင်းဆန်လူက ဆက်လက်ပြောပြသည်။

သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က " သျှမ်းပြည်အနှံ့ ယာဘ မူးယစ်ဆေးဝါးများပျ့ံနှံ့လျက်ရှိပြီး အသက် ၁၂ နှစ်ခလေးများမကျန်သုံးစွဲနေကြကြောင်း၊ ယာဘစျေးမှာလည်းအည့ံဆုံးအမျိုးအစားမှာ တပြား ၁၀၀ ကျပ်သာရှိကြောင်း" -ပြောဆိုပါသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...