ကျိုင်းတုံအကျဉ်းထောင်ရှိ RCSS/SSA ၏ တပ်သား ၂ ဦးပြန်လည်လွှတ်မြောက်

ကျိုင်းတုံအကျဉ်းထောင်ရှိ RCSS/SSA ၏ တပ်သား ၂ ဦးပြန်လည်လွှတ်မြောက်
ဌာနချုပ်လွယ်တိုင်းလျန်းရှိ RCSS/SSA တပ်သားများ
ဌာနချုပ်လွယ်တိုင်းလျန်းရှိ RCSS/SSA တပ်သားများ

ရှမ်း(သျှမ်း)ပြည်အရှေ့ပိုင်းကျိုင်းတုံမြို့ အချုပ်ခန်းတွင် ၇ လကြာဖမ်းဆီးချုပ်နှောင်ထားခြင်းခံရသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တပ်သား ၂ ဦးပြန်လွှတ်မြောက်ပြီဖြစ်ကြောင်းသိရသည်။

RCSS/SSA ၏ တပ်သားများဖြစ်ကြသော စိုင်းလုံနှင့်စိုင်းဆေလုံ အား ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့မနက်ပိုင်းက ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

“မတ်လ ၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲမှာ ကျိုင်းတုံစရဖနဲ့ ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူးတွေကနေ RCSS/SSA ရဲ့ တပ်သား ၂ ဦး စိုင်းလုံနဲ့ စိုင်းဆေလုံကို ကျနော်တို့ရဲ့ ကျိုင်းတုံမြို့ RCSS/SSA ဆက်ဆံရေးရုံးတာဝန်ခံကိုလွဲပြောင်းပေးတယ်။ သူတို့က အချုပ်ခန်းမှာ ရ လနေရတယ်။ တရားရုံးကို ၆ ကြိမ်တက်ရတယ်။ပြီးမှအာမခံနဲ့ပြန်လွှတ်ပေးတာ “- ဟု ကျိုင်းတုံမြို့ RCSS/SSA ဆက်ဆံရေးရုံးတာဝန်ခံကပြောသည်။

စိုင်းလုံနှင့် စိုင်းဆေလုံကို မိုင်းပျင်းမြို့နယ် မိုင်းပူးလုံအုပ်စု ကိန်းဟင်ရွာတွင် ဇူလိုင်လ ၂၅ ရက်နေ့က မိုင်းဆတ်အခြေစိုက် ခမရ ၅၂၇ စစ်ကြောင်းက ဖမ်းဆီးလိုက်ပြီး ကျိုင်းတုံအကျဉ်းထောင်သို့ပို့ဆောင်ချုပ်နှောင်လိုက်ခြင်းဖြစ်သည်။

၄င်းတို့အား လက်နက်ကိုင် ဆောင်မှု၊ စကားပြောစက်ကိုင်ဆောင်မှု၊ လူထုထံက အခွန်ကောက်ခံမှုတို့ဖြင့် တရားစွဲဆိုရာ အစိုးရတပ်မတော်၏ စွပ်စွဲပြောဆိုမှုမှာခိုင်မာမှုမရှိကြောင်း RCSS/SSA ဘက်က တုန့်ပြန်ကာတရားရင်ဆိုင်ခဲ့သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရတပ်မတော် နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသောကြောင့် နေပြည်တော်အစိုးရမှ ၂၀၁၅ အောက်တိုဘာ က မတရားအသင်းမှ စာရင်းပယ်ဖျက်ထားသည့် သျှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ် တခုဖြစ်ပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...