မိုင်းဖုန်းဆရာတော် လင်းခေးမြို့ရှိ နားလင်းဂူ သို့မတ်လအတွင်း ကြွရောက်တရားဒေသနာဟောကြားမည်

မိုင်းဖုန်းဆရာတော် လင်းခေးမြို့ရှိ နားလင်းဂူ သို့မတ်လအတွင်း ကြွရောက်တရားဒေသနာဟောကြားမည်

ရှမ်း (သျှမ်း)ပြည်တောင်ပိုင်းလင်းခေးခရိုင်လင်းခေးမြို့နယ်အတွင်းရှိ နားလင်းရွာ ကျောက်ဂူတွင် မိုင်းဖုန်းဆရာတော် မှကြွရောက်တရားကျင့်ရန်အတွက် ဒေသခံများအနေဖြင့် တောရှင်းလင်းမှု ၇၀ ရာ ခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ခူးဝါးဝန်းစုမ့်လာမယ်ဆိုလို့ ဂူအသွားလမ်းတွေကို အပြီးသတ်ဖောက်နေတယ်။ မြေတွေရှင်း တယ်။ ခြုံတွေ ရှင်းတယ်။ ဆရာတော်က မတ်လ ၅-၆-၇ လောက်ကြွမယ်ပြောတယ် ။ ဒီမှာတရားကျင့်မလား မကျင့် ဘူးလား ဆိုတာတော့ ဆရာတော်ရောက် မှဘဲသိရမှာပါ”- ဟု လင်းခေးဒေသခံက ပြောသည်။

၂၀၁၅ ခုနှစ်ကတည်းက ဆရာတော်၏မိန့်ကြားမှုဖြင့် နားလင်းဂူအား ဒေသခံများသွားရောက်ရှာဖွေကာ ရှင်းလင်းမှုပြုလုပ်လာခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့်၏မွေးနေ့ပွဲတွင်လည်း အဆိုပါနားလင်းဂူအသွားလမ်း ဆရာတော်တည်ထားကိုးကွယ်သော နားလင်းစေတီတော်ထီးတင်ပွဲကျင်းပကာ ဒေသခံများဆွမ်းကပ်အလှူပြုခဲ့ကြသည်။

အဆိုပါနားလင်းဂူသည်လင်းခေးမြို့တောင်ဘက် ၄ မိုင်ခန့်အကွာတွင်တည်ရှိပြီး လင်းခေး – ၀မ့်ဟတ်ကား လမ်းအရှေ့ဘက် တွင်တည်ရှိပါသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...