NMSP နှင့် LDU အဖွဲ့တို့ ပထမဆုံး UPDJC အစည်းဝေး တက်ရောက်

NMSP နှင့် LDU အဖွဲ့တို့ ပထမဆုံး UPDJC အစည်းဝေး တက်ရောက်

ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နေပြည်တော် NRPC ရုံးတွင် စတင်ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေး သို့ NMSP နှင့် LDU အဖွဲ့တို့ ပထမဆုံး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) အဖွဲ့ နှစ်ဖွဲ့နှင့် မြန်မာအစိုးရကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်ကို ဖေဖေါ်ဝါရီ (၁၃) ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့သည်။

ယခု အစည်းအဝေး သို့ ‘NCA တွင် ပါဝင်လက်မှတ်ရေးထိုးမှုအား’ NMSP နဲ့ LDU အဖွဲ့တို့ တင်ပြသွားရန် ရှိကြောင်း အစည်းအဝေး တက်ရောက်သူများ ပြောပါသည်။

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ KSDP ဥက္ကဌ ဒေါက်တာ တူးဂျာ လည်း အစည်းအဝေးသို့ ပါဝင် တက်ရောက်နေပါသည်။

အစိုးရ၏ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေး ရရှိရန် ကျိုးပမ်းမှုဖြင့် UPDJC အစည်းအဝေးကို ယခု (၁၄) ကြိမ်အထိ ကျင်းပနေသော်လည်း NCA လက်မှတ် မရေးထိုးသေးသည့် ကချင်၊ ရှမ်း နှင့် ရခိုင် ပြည်နယ်များတွင် တပ်မတော် ထိုးစစ်ကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...