NMSP နှင့် LDU အဖွဲ့တို့ ပထမဆုံး UPDJC အစည်းဝေး တက်ရောက်

NMSP နှင့် LDU အဖွဲ့တို့ ပထမဆုံး UPDJC အစည်းဝေး တက်ရောက်

ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နေပြည်တော် NRPC ရုံးတွင် စတင်ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေး သို့ NMSP နှင့် LDU အဖွဲ့တို့ ပထမဆုံး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) အဖွဲ့ နှစ်ဖွဲ့နှင့် မြန်မာအစိုးရကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်ကို ဖေဖေါ်ဝါရီ (၁၃) ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့သည်။

ယခု အစည်းအဝေး သို့ ‘NCA တွင် ပါဝင်လက်မှတ်ရေးထိုးမှုအား’ NMSP နဲ့ LDU အဖွဲ့တို့ တင်ပြသွားရန် ရှိကြောင်း အစည်းအဝေး တက်ရောက်သူများ ပြောပါသည်။

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ KSDP ဥက္ကဌ ဒေါက်တာ တူးဂျာ လည်း အစည်းအဝေးသို့ ပါဝင် တက်ရောက်နေပါသည်။

အစိုးရ၏ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေး ရရှိရန် ကျိုးပမ်းမှုဖြင့် UPDJC အစည်းအဝေးကို ယခု (၁၄) ကြိမ်အထိ ကျင်းပနေသော်လည်း NCA လက်မှတ် မရေးထိုးသေးသည့် ကချင်၊ ရှမ်း နှင့် ရခိုင် ပြည်နယ်များတွင် တပ်မတော် ထိုးစစ်ကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...