ခရီးသည်တင်ယာဉ်ဖြင့် တင်ဆောင်လာသော တရားမဝင်ခဲသတ္တု ပိဿာချိန် ၅၀၀ ကျော် ဖမ်းမိ

ခရီးသည်တင်ယာဉ်ဖြင့် တင်ဆောင်လာသော တရားမဝင်ခဲသတ္တု ပိဿာချိန် ၅၀၀ ကျော် ဖမ်းမိ
by -
လင်းသန့်

ခဲသတ္တုများ တရားမဝင် တင်ဆောင်လာသည့် ခရီးသည်တင်မှန်လုံယဉ်တစ်စီးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ မိုင်းလုံးရပ်ကွက် မိုင်းလုံးဈေးရှေ့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။

လွိုင်ကော်မှ တောင်ငူသို့ ပြေးဆွဲနေသော “လွင်ဒေါန” BGO 9I/90** ခရီးသည်တင်ပေါ်တွင် တရားမဝင် ခဲသတ္တုများ တင်ဆောင်လာကြောင်း သတင်းပေးချက်အရ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် စစ်ဆေး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယာဉ်မောင်းသူ၏ ထိုင်ခုံ အနောက် အံဖုံးထဲ၌ ဝှက်၍ သယ်ဆောင်လာသော ခဲသတ္တု (၂၆) အိတ်၊ ပိသာချိန် (၅၀၀) ကျော်အား ဖမ်းမိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးချက်အရ ယာဉ်မောင်း ဦးစောနိစ်ကစင်(ခ)ကရင်လေး၊ ယာဉ်နောက်လိုက် ဖြိုးဝေယံ(ခ)ဖြိုးဝေ၊ ကားဂိတ်မှူး ဦးစောဒေးဘိုး(ခ)ဖထီးလွင်ဒေါန နှင့် ပစ္စည်းပိုင်ရှင် ဒေါ်ကြူအပါအဝင်(၅)ဦးတို့အား လွိုင်ကော် မြို့မရဲစခန်တွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...