ဒေသခံများအကျိုးမပါသော ‘ကျောက်မျက် ဥပဒေကြမ်း’ ပေါ် လူထုဆန္ဒပြမည်

ဒေသခံများအကျိုးမပါသော ‘ကျောက်မျက် ဥပဒေကြမ်း’ ပေါ် လူထုဆန္ဒပြမည်

၂၀၁၇ ကျောက်မျက်ဥပဒေသည် ဒေသခံပြည်သူများအတွက် အကျိုးစီးပွား မဖြစ်ယုံသာမက လူတစ်စုအတွက် ယိမ်းယိုင်သွားသော ဥပဒေဖြစ်သောကြောင့် ဤဥပဒေကို ဆန္ဒပြသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ City Park Royal Restaurant ၌ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် သတင်းစာရှင်လင်းပွဲ ပြုလုပ်ခဲ့သည်။

ထိုဥပဒကြမ်းသည် အကြီးစားလုက်ကွက်များ ပြန်လည်အကောင်အထည်ဖော်လာခြင်း၊ စက်ယန ္တရားကြီးများ ကန့်သတ်ချက်များ မပါဝင်မှု၊ ရတနာနယ်မြေ သတ်မှတ်ခြင်း တွင် လွှတ်တော်များ၏ သဘောထားများ တောင်းခံခြင်းမပါဝင်မှု၊ ကျောက်မျက် ထုတ်လုပ်ရေး လုပ်ကိုင်ခွင့်တွင် အကြီးစား၊ အလတ်စား၊ အသေးစား၊ လက်လုပ်လက်စားလုပ်ကွက်များအတွက် လျှောက်လွှာ ရွေးချယ်မှု စည်းကမ်းအတိအကျ ဖော်ပြထားမှုမရရှိခြင်းနှင့် ကျောက်မျက် ဥပဒေ လျှင်မြန်စွာပြဌာန်း နိုင်ရေး အတွက် ဆန္ဒပြတောင်းဆို သွားမည်ဖြစ်ကြောင်း ကျောက်မျက်ဥပဒေ လူထုဆန္ဒပြပွဲ ဦးဆောင်မည့်သူ Dr. M Kawn La (ဒေါက်တာ အမ် ကောန်လ)က ပြောဆိုသည်။

ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ကချင်ပါတီများ၊ ကချင်ရှေ့နေများ၊ ကချင်လုပ်ငန်းရှင်များအဖွဲ့ တို့မှ အစိုးရထံ အကြံပြုချက်များ တင်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကျောက်မျက်ဥပေဒကို ကန့်ကွက်သည့် လူထုဆန္ဒပြပွဲတစ်ခုကို ဖေဖော်ဝါရီ (၂၈) ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ပြုလုပ်ရန် စီစဉ်ထားပြီး ဖားကန့်၊ မန္တလေးနှင့် မိုးကုတ်မြို့များတွင်လည်း ကန့်ကွက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကျောက်မျက်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၇ မတ်လ(၁၃)ရက်နေ့ စတင်ထုတ်ပြန် ခဲ့သည်။ အဆိုပါ ဥပဒေကြောင်းကို အမျိုးသားလွှတ်တော်တွင်ဆွေးနွေးမှု မရှိသဖြင့် ပြည်သူ့လွှတ်တော် သို့ပေး ပို ့ခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်သယံဇာတ ကော်မတီမှ စိစစ်ချက်မူကြမ်းကို ၂၀၁၈ ဇန်နဝါရီလ (၂၃) ရက်နေ့ တွင်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ဖားကန့်ဒေသ ကျောက်မျက်လုပ်ငန်းမှ ရရှိသော အကျိုးအမြတ်၏ ၁၅ ရာခိုင်နှုန်းကိုသာ ကချင်ပြည်နယ်အတွက် အသုံးပြုခွင့်ရခြင်းသည် နှစ်နာမှုတစ်ခုဖြစ်ကြောင်း Dr. Kawn La ပြောဆိုခဲ့သည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...