ကွန်ဟိန်း မြို့နယ် တောင်သူလယ်သမားအဖွဲ့ ဖွဲ့စည်း

ကွန်ဟိန်း မြို့နယ် တောင်သူလယ်သမားအဖွဲ့ ဖွဲ့စည်း
by -
ယိင်းတိုင်း
ကွန်ဟိန်းမြို့ရှိ မိုင်းပန်ခန်းမတွင် ကျင်းပသော တောင်သူလယ်သမားအခွင့် အရေးဆိုင်ရာတွေ့ဆုံဆွေး နွေးပွဲ
ကွန်ဟိန်းမြို့ရှိ မိုင်းပန်ခန်းမတွင် ကျင်းပသော တောင်သူလယ်သမားအခွင့် အရေးဆိုင်ရာတွေ့ဆုံဆွေး နွေးပွဲ

တောင်သူလယ်သမားများ အခွင့်အရေးအတွက်ရည်ရွယ်ကာ ကွန်ဟိန်းမြို့နယ်တောင်သူလယ်သမားအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၁၇ နှင့် ၁၈ ရက်နေ့က ရှမ်း(သျှမ်း)ပြည်တောင်ပိုင်း ကွန်ဟိန်းမြို့ရှိ မိုင်းပန်ခန်းမတွင် တောင်သူလယ်သမားအခွင့် အရေးဆိုင်ရာတွေ့ဆုံဆွေး နွေးပွဲကျင်းပခဲ့ပြီး တောင်သူ ရာကျော်ခန့်ပါ၀င်သည့် ” ကွန်ဟိန်း မြို့နယ် တောင်သူလယ်သမားအဖွဲ့ ” ဖွဲ့စည်းနိုင်ခဲ့ ပါသည်။

ဒေသခံတောင်သူများနှင့် သက်ဆိုင်ရာဒေသတွင်း အာဏာရှိသူများ စေ့စပ် ဆွေး နွေးခြင်းဖြင့် တောင်သူလယ်သမားများ၏ အခွင့်အရေး အခွင့်အလမ်း များ ပေါ်ပေါက်လာစေရန်နှင့် ဒေသခံတောင်သူများ၏ အခက်အခဲ ပြဿနာ များကို ဖော်ထုတ်တတ်လာစေရန် ရည်ရွယ်၍ အဆိုပါဆွေးနွေး ပွဲကျင်းပ ရခြင်း ဖြစ်ကြောင်း ကျွန်းတစ်ထောင်မြေ ဖောင်ဒေး ရှင်းမှ နန်းဝါနုကပြောသည်။

ဆွေးနွေးပွဲ သို့အစိုးရဌာန ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ ဒေသအာဏာ ပိုင်များ ၊ လူထုအခြေပြုအဖွဲ့ အစည်းများ နှင့် ကျေးရွာ (၃၂) ရွာမှဒေသခံ တောင်သူ ၁၀၈ ဦးခန့်တက်ရောက်ဆွေးနွေး ခဲ့ကြောင်းသိ ရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...