မွန်ပြည်နယ်ဆားကြမ်း တစ်ပိဿာကျပ် ၁၀၀ အထက်စျေးပေါက်

မွန်ပြည်နယ်ဆားကြမ်း တစ်ပိဿာကျပ် ၁၀၀ အထက်စျေးပေါက်

မွန်ပြည်နယ်တွင် ဆားကြမ်းစျေးကျခဲ့ရာမှ ယခုအခါ တစ်ပိဿာကျပ် ၁၀၀ အထက်စျေးပေါက်လာကြောင်း ဆားလုပ်ငန်းရှင်များထံမှ သိရသည်။

မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းဝင် မင်းတင်မောင်ဝင်း(ခ) နိုင်ဟုက “ ဒီနေ့ ပင မှာ ဆားကြမ်းတစ်ပိဿာ ၁၂၀ ကျပ်ဝန်းကျင်စျေးပေါက်တယ်၊ လက်ကျန်ဆားတွေလည်း ကုန်သလောက်ဖြစ်နေပြီဆိုတော့ စျေးထပ်တက်လာဖို့ရှိတယ်” ဟု ပြောသည်။  

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ထိ ဆားကြမ်းတစ်ပိဿာကျပ် ၁ရဝ နှင့် ၂ဝဝ ကြားရှိခဲ့ရာမှ ဖေဖော်ဝါရီလဆန်းတွင် တစ်ပိဿာကျပ် ၁ဝဝ အထိထိုးကျသွားကြောင်း သူကပြောသည်။

“စျေးနှုန်းမြင့်လာတော့ ဆားကြိတ်လုပ်ငန်းသမားတွေမှာ အရောင်းအဝယ်ပါးလာတယ်၊ ဆားအသစ်ထွက်ချိန်လည်း ရောက်လာတော့ လျော့စျေးနဲ့ရောင်းကြရတဲ့အထိဖြစ်ခဲ့တာပေါ့” ဟု နိုင်ဟုက ဆိုသည်။

မွန်ပြည်နယ်နေလှန်းဆားလုပ်ငန်းသည် နှစ်စဉ်မိုးရာသီစတင်ချိန်ရပ်နားထားရပြီး မိုးကုန်ကာလ၌ ဆားကွင်းများပြန်လည်ပြင်ဆင်၍ ပင်လယ်ရေငံများကို နေလှန်းသည့်စနစ်ဖြင့် ဇန်နဝါရီလဆန်းပိုင်းခန့်တွင် ဆားကြမ်းများထွက်ရှိသည်ဟု သိရသည်။

စားစျေးနှုန်းအတက်အကျမှာ ဝယ်လိုအားပေါ်မူတည်နေကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ ဆားနှင့် အဏ္ဏဝါဓာတုဗေဒပစ္စည်း ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း မွန်ပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

ယခုနှစ် ဆားထုတ်လုပ်ရာသီ၌ မွန်ပြည်နယ်အတွင်းရှိ ဆားကွင်းဧက ၃၀၀၀ နီးပါးခန့်တွင် ဆားကြမ်းတန်ချိန် ၂၇,ဝဝဝ ကျော် ထုတ်လုပ်ရန်လျာထားကြောင်း အဆိုပါ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပင၊ ကျိုက္ခမီမြို့နှင့် စက်စဲ၊ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် နှစ်ကရင်၊ ပလိုင်ကီးကျေးရွာတို့တွင် နေလှန်းဆား အများအပြား ထုတ်လုပ်လျက်ရှိသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...